Menu

12.၁၂။ ဝက်ဆိုက်ပေါ်တွင် ရုပ်သံဖြင့် သတင်းတင်ဆက်ခြင်း။

ရုပ်သံဖြင့်သတင်းတင်ဆက်ခြင်းသည် ဒစ်ဂျစ်တယ်သမားများ အကြိုက်ဆုံး ကိရိယာဖြစ်သည်။ သို့သော်လည်း ကောင်းမွန်စွာ ပြုလုပ်ရန်မှာ အလွန်ခက်ခဲသည်။ သင့်အနေဖြင့် ထိုရုပ်သံသတင်းကို ပြည့်စုံလုံလောက်လာစေရန်အတွက် အချိန်ပိုပေးရသည်။ ဝက်ဆိုက်အတွက် ရုပ်သံသတင်းတင်ဆက်ခြင်း သည် တီဗီအတွက် ရုပ်သံသတင်းတင်ဆက်ခြင်းနှင့်မတူချေ။

ရုပ်သံများဝေမျှသည့် ပလက်ဖောင်းမှ ရုပ်သံများကို ဝက်ဆိုက်အတွင်းထည့်သွင်းခြင်း။

ဝက်ဆိုက်သတင်းဆောင်းပါးတွင်ပထမဦးဆုံး ထည့်သွင်းသည့် ရုပ်သံသည် ဝေမျှသည့် ပလပ်ဖောင်းတစ်ခု (Youtube သို့မဟုတ် Dailymotion စသည်ဖြင့်) မှဆွဲထုတ်ထားခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် သင်သည် embedded code ကို ကူးယူ၍ ဆောင်းပါးတွင် သင်ထည့်လိုသောနေရာတွင် ထည့်ပေးရမည်။ ထိုကဲ့သို့သော code ကို </> သင်္ကေတဖြင့် သို့မဟုတ် “export” ဟူသည့် ရွေးချယ်စရာဖြင့်ပြသည်။ သင်၏ ဆောင်ပါးအတွင်းတွင် ကူးထည့်ပြီးပြီဆိုပါက ရုပ်သံကို အသုံးပြုသူများသည် သင့်ဆောင်းပါးစာမျက်နှာမှ ထွက်ရန်မလိုအပ်ဘဲ ကြည့်ရှုနိုင်မည်ဖြစ်ပြီဖြစ်သည်။

ထိုရုပ်သံဝေမျှသည့် ပလပ်ဖောင်းသည် သင်အသုံးပြုထားသောရုပ်သံကို ဖယ်ပစ်လိုက်ပါက အနက်ရောင်မျက်နှာပြင်သည် သင်၏ဝက်ဆိုက် ရုပ်သံနေရာတွင် ပေါ်နေမည်ဖြစ်သည်။

သင်ကိုယ်တိုင် ရုပ်သံသတင်းရိုက်ကူးခြင်း

အင်တာနက်ပေါ်တွင်တင်ရန်အတွက်တွေ့ဆုံမေးမြန်းမှုတစ်ခုကို ရိုက်ကူးခြင်းသည် တီဗီရုပ်မြင်သံကြား အတွက် ရိုက်ကူးခြင်းအတွက်အနည်းနှင့်အများအတူတူပင်ဖြစ်သည်။ အဓိကကွဲပြားခြားနားသွားသည်မှာ ထုတ်လွှင့်သည့်နေရာနှင့် ပုံစံမတူညီမှုဖြစ်သည်။ အင်တာနက်ပေါ်တွင် ရုပ်သံတွေ့ဆုံမေးမြန်းမှုတစ်ခုသည်

  • တီဗီရုပ်မြင်သံကြားအတွက်ထက်ပို၍ရှည်နိုင်သည်။
  • များစွာသော တည်းဖြတ်မှုအဆင့်များဖြင့် ကြည့်ရှုသူကို တင်ဆက်နိုင်သည်။
  • နောက်ခံစကားပြောမပါဘဲ ချရေးထားသော မေးခွန်းများစွာဖြင့် မူလအတိုင်းတင်ဆင်နိုင်သည်။

တစ်ခုလုံးအနေဖြင့် ၃မိနစ်ထက်ပိုသော ရုပ်သံတစ်ခုသည် ကြည့်ရှုသူပရိသတ်အလိုအလျောက် ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် သင့်၏ရုပ်သံသတင်းတင်ဆက်မှုကို ၃ မိနစ်ထက်ပို၍တင်ဆက်လိုပါက ဂရုတစိုက်တည်းဖြတ်ရန်လိုအပ်သည်။ မည်သည့်နည်းဖြင့်မဆိုပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုသည် အောက်ပါစည်းမျဥ်းများဖြင့်သာ ပြုလုပ်ခြင်းဖြစ်သည်။

 

24h-sujet-web1

အားပါသည့်မျဥ်းများ။ မျက်နှာပြင်ကိုရေပြင်ညီနှင့် ဒေါင်လိုက်မျဥ်းများဖြင့် ပိုင်းလိုက်သည့် မြင်ယောင်ကြည့်ပါ။ သင်၏ ရုပ်ကတ်တွင် ပြလိုသည့် အားပါသည့် အစိတ်အပိုင်းသည် ထိုမျဥ်နှစ်ခု ဖြတ်နေသည့် နေရာများဖြစ်ရမည်။ (အထက်ပါပုံသည် တောင်တန်းများကို ရိုက်ကူးထားသည့် ပုံဖြစ်သည်။)

24h-sujet-web2

“ကင်မရာကို ကြည့်ခြင်း” webcam သက်ရောက်မှုကိုရှောင်ရန်အတွက် အထူးသဖြင့် တွေ့ဆုံမေးမြန်းမှုများတွင် (ဖြေဆိုသူ၏ မျက်နှာကို ရိုက်ချက်၏ အလည်တွင်ရောက်အောင် ချဲ့ကြည့်နေသည့် အနေအထားတွင်) သူ၏ မျက်လုံးများသည် မျက်နှာပြင်၏ အထက်ပိုင်း မျဥ်းကြောင်းများ ဖြတ်သွားသည့် နေရာတွင်ရှိရမည်။ ဖြေဆိုသူ၏ မျက်နှာသည် မျက်နှာပြင်၏ လွတ်နေသည့်ဘက်ကို ကြည့်နေရမည်။ ထို့ကြောင့် ဖြေဆိုသူသည် မျက်နှာပြင်၏ ဘယ်ဘက်တွင်ရှိပါက သူသည် ညာဘက်ကို မျက်နှာမူနေရမည်။ (ညာဘက်တွင်ရှိပါကလည်း ဘယ်ဘက်ကို မျက်နှာမူနေရမည်)

ရုပ်သံကို သင်ကိုယ်တိုင်တည်းဖြတ်ခြင်း

ရုပ်သံများတည်းဖြတ်ခြင်းသည် ရုပ်သံသတင်းဌာနအတွက်သာမဟုတ်တော့ချေ။ တည်းဖြတ်သည့် ကိရိယာများနှင့် ဒစ်ဂျစ်တယ်ပုံစံများပြောင်းလဲခြင်းသည်လည်း ပို၍လွယ်ကူလာပြီဖြစ်ပြီး ဝက်ဆိုက် သတင်းခန်းများတွင် ရိုက်ကူးရေးအတွက် အသုံးပြုသည့် ကုန်ကျစရိတ်သည်လည်း လျော့ကျလာပြီ ဖြစ်သည်။ သင်သည် စမတ်ဖုန်းသုံး၍ ရိုက်ကူးသည်ဖြစ်စေ (Flip ကဲ့သို့သော) ကင်မရာ အသေးစား အသုံးပြုသည်ဖြစ်စေ၊ တည်းဖြတ်ရန်အတွက် အခမဲ့ဆော့ဝဲ (Avidemux) ကိုအသုံးပြုသည်ဖြစ်စေ သို့မဟုတ် အခမဲ့မဟုတ်သော ဆော့ဝဲ (Adobe Premiere Elements) ကိုအသုံးပြုသည်ဖြစ်စေ ရိုက်ကူးခြင်းနှင့် တည်းဖြတ်ခြင်းသည် ကျွမ်းကျင်သူသာ လုပ်နိုင်သော တာဝန်မဟုတ်တော့ချေ။ ဒါပေမဲ့ ဘာလို့လုပ်ရမှာလဲ။

သတင်းဝက်ဆိုက်များတွင် လူသိများသော ရုပ်သံသုံးမျိုးရှိသည်။

  • ကင်မရာကိုဖွက်ထားသောသတင်းများ အမည်မသိလူတစ်ယောက်သည် လမ်းပေါ်တွင် ထူးခြားဖြစ်စဥ်များကို ရိုက်ကူးခြင်းဖြစ်သည်။ တခါတရံ ထိုရိုက်ချက်သည် အကြမ်းဖက်မှုကြောင့်၊ ရယ်ရွှင်ဖွယ်ကောင်းမှုကြောင့် သို့မဟုတ် တစ်မူထူးခြားမှုကြောင့် အလွန်ကောင်းမွန်သော ရိုက်ချက် ဖြစ်လာသည်။
  • အားကောင်းသော တွေ့ဆုံမေးမြန်းမှုများ သို့မဟုတ် ရယ်စရာကောင်းသောတွေ့ဆုံမေးမြန်းမှုများ၊ ထင်မြင်ယူဆချက်၊ မှတ်တမ်းမတင်ခဲ့သင့်သော ရိုက်ချက်။
  • ထင်မြင်ယူဆချက်မပါသောသတင်းများ သည် နေ့စဥ်ဘဝများအကြောင်းကို တင်ဆက်နေမှန်း မသိနိုင်အောင်တင်ဆက်ခြင်းဖြစ်သည်၊ သမာရိုးကျ ရုပ်သံသတင်းများနှင့်မတူညီစွာတင်ဆက်ခြင်း။

ရုပ်သံသတင်းများသည် သတင်းတင်ဆက်မှု၏ စိတ်ဝင်စားမှုအရရှိနိုင်ဆုံးနည်းလမ်းဖြစ်သော်လည်း တီထွင်ဆန်းသစ်မှု အနည်းဆုံးနယ်ပယ်လည်းဖြစ်သည်။ တင်ဆက်နိုင်သည့် နည်းလမ်းပုံစံများစွာ ကျန်သေးသည်ဟုဆိုရပေမည်။