Menu

13.၁၃။ စလိုက်ရှိုးတစ်ခုပြုလုပ်ဖန်တီးခြင်း။

သင့်လျော်အောင်တည်းဖြတ်ထားသော စိတ်ကူးအိုင်ဒီယာအစီအစဥ်အတိုင်း ရုပ်ပုံများကို စီစဥ်နေရာချထားခြင်း ဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်တွင် ဓာတ်ပုံပညာကို ကောင်းမွန်အောင် ပြုပြင်နိုင်ရန်အတွက် မူလနည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် လွယ်ကူ၊ ပေါ့ပါးပြီး ပျော်ရွှင်စရာကောင်းသည်

ဓာတ်ပုံရိုက်ကူးနေစဥ်အတွင်း သင်ပြုလုပ်ဖန်တီးလိုသည့် စလိုက်ရှိုးကို စိတ်ကူးနေပါ။

လူတိုင်းသည် ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာများဖြစ်မလာနိုင်သော်လည်း သတင်းသမားတိုင်းသည် ဖြစ်ရပ်တစ်ခုကို သတင်းယူနေစဥ်အတွင်း သတင်းအချက်အလက်ပေးနိုင်သော ဓာတ်ပုံတစ်ပုံကို မည်သို့ရိုက်ကူးရမည်ကို သိထားသင့်ပေသည်။ ဖြစ်လေ့ရှိသော အနေအထားတစ်ခု၊ ဆန္ဒပြပွဲတစ်ခုကို ဥပမာအနေဖြင့် ယူကြည့်ကြပါစို့ ။ ထိုအကြောင်းသတင်းရယူရန်အတွက် သင်၏ စမတ်ဖုန်းတစ်ခု သို့မဟုတ် ဒစ်ဂျစ်တယ် ကင်မရာကိုယူသွားပေမည်၊ သို့သော်လည်း မည်သည့်အရာဖြင့် ရိုက်ကူးသည် ဆိုသည်ထက် မည်သည့်အချိန်တွင် ရိုက်ကူးရမည်ကို သိခြင်းသည် ပို၍လိုအပ်သည်။ ဘာကြောင့်လဲ။

  • စလိုက်ရှိုးတစ်ခုကို ဖန်တီးရန်အတွက် သင်သည် ဓာတ်ပုံပေါင်းများစွာရိုက်ကူးလာရမည်၊ သို့မှသာ သင့်အနေဖြင့် ရွေးချယ်နိုင်ပြီး တည်းဖြတ်ရာတွင်လည်း ပို၍လွတ်လပ်မှုရှိပေမည်။
  • လူအုပ်စုကိုရိုက်ခြင်း၊ ဖြစ်ရပ်လှုပ်ရှားမှုကို ရိုက်ခြင်း၊ အဝေးမှရိုက်ခြင်း၊ အနီးကပ်ရိုက်ခြင်း စသည့် မတူညီသည့် ရှုထောင့်များစွာမှ ရိုက်ကူးချက်များရှိရန်လိုအပ်သည်။
  • ဤနည်းဖြင့် အခြားသတင်းဆောင်းပါးများတွင်ပါ အသုံးပြုနိုင်ရန်အတွက် ဓာတ်ပုံများသိမ်းဆည်း စုဆောင်းထားသည့် နေရာထဲသို့ သင့်ဓာတ်ပုံများကိုလည်း ထည့်သွင်းနိုင်မည်။

ဖြစ်ရပ်တစ်ခုကို သတင်းယူရန်မထွက်ခွါမီ သတင်းကို ဓာတ်ပုံများဖြင့်သာ မည်ကဲ့သို့ ပြောပြတင်ဆက် လိုသည်ကိုစဥ်းစားပါ၊ အခြေအနေအရ လိုအပ်သလို လှုပ်ရှားခြင်းနှင့် နားထောင်ခြင်းသည် သတင်းထောက်များအတွက် အရေးကြီးသည်။ သို့သော်လည်း ဖြစ်ရပ်အတွက် သင်ပို၍ပြင်ဆင်နိုင်လေ ပို၍ကောင်းမွန်အောင်တင်ဆက်နိုင်လေဖြစ်သည်။

ဘယ်ကိရိယာကို အသုံးပြုရလဲ။

သတင်းခန်းတွင်းသို့ပြန်ရောက်ပြီဆိုပါက ရိုက်ကူးလာသော ပုံများကို သင့်ကွန်ပြူတာအတွင်းသို့ ထည့်သွင်းရန် လိုအပ်သည် (မေးလ်၊ MMS သို့မဟုတ် USB ကြိုးမှတဆင့်)။ ထို့နောက် ပုံများကိုတည်းဖြတ်ရန် လိုအပ်သည် GIMP ကဲ့သို့သော ဆော့ဝဲများကို အသုံးပြုပြီး အရွယ်အစား ပြောင်းလဲခြင်းနှင့် အနာအဆာများကို ဖယ်ဖျက်နိုင်သည်။

စလိုက်ရှိုးများပြုလုပ်ဖန်တီးနိုင်သည့် ဆော့ဝဲများစွာလည်းရှိသည်။ Google မှပြုလုပ်ထားသည့် ဆော့ဝဲမှာ Picasa3 ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်ပြီး အသုံးပြုရန်လွယ်ကူသည်။ သင်ဆော့ဝဲကို ဒေါင်းလုတ် လုပ်ပြီးပါက သင့်ကွန်ပြူတာ၏ hard drive ထဲတွင် ဓာတ်ပုံများပါသည့် folder တစ်ခုပြုလုပ် ပေးပါလိမ့်မည်။

“Create video clip presentation” ဟူသည့် tab သည် ရွေးချယ်ထားသော folder အပေါ်တွင် မူတည်၍ တည်းဖြတ်သည့် မျက်နှာကို စတင်ပေးပါလိမ့်မည်။ ၎င်းသည် ဓာတ်ပုံများရွေးချယ်ခြင်း၊ အညွှန်းတပ်ခြင်း၊ ဂီတထည့်သွင်းခြင်း၊ သို့မဟုတ် အသံမှတ်တမ်းထည့်သွင်းခြင်းနှင့် ပုံတစ်ပုံမှတစ်ပုံကူးပြောင်းသည့် ပုံစံနှင့် မျက်နှာပြင်ပေါ်တွင် ပုံတစ်ပုံသည် မည်မျှကြာကြာနေမည်ကိုလည်း ရွေးချယ်သတ်မှတ်နိုင်သည်။

တည်းဖြတ်၍ပြီးပါက “Export clip” ကိုရွေးချယ်၍ သင်ပြုလုပ်ဖန်တီးထားသည့် စလိုက်ရှိုးကို .wmv  အနေဖြင့် သိမ်းဆည်းနိုင်သည်၊ ထို့နောက် သင်သည် ထိုဖိုင်ကို ထုတ်ယူနိုင်ပါပြီ။

စည်းမျဥ်းမှာ ဓာတ်ပုံအမြောက်အများအသုံးမပြုရန်နှင့် စလိုက်ရှိုးကို ၂ မိနစ်ထက် မပိုစေရန်ဖြစ်သည်။ သို့မဟုတ်ပါက စာဖတ်သူကိုပျင်းသွားစေမည်။ ပုံများရွေးချယ်ရာတွင် ချေးများပါ။