Menu

14.၁၄) တုံ့ပြန်လုပ်ဆောင်သည့် မြေပုံကို ဖန်တီးခြင်း

ဒေတာ အမြင်ပြသမှု၏ အကြီးမြတ်ဆုံးအဖြစ် တုံ့ပြန်လုပ်ဆောင်သည့် မြေပုံ ထုတ်လုပ်မှုအား တိုက်ကြီး၊ နိုင်ငံ သို့မဟုတ် တစ်ခါတစ်ရံတွင် မြို့တို့၏ မြေပုံတွင် အသုံးချသည့် ဒေတာအတွက် လုပ်ဆောင်ထားသည်။ ချိုရိုပလတ် မြေပုံ၊ အပူမြေပုံများ၊ အန်နာမောဖစ် မြေပုံများ ကဲ့သို့ တုံ့ပြန်လုပ်ဆောင်သော မြေပုံများ၏ အခြေခံ အဓိက အမျိုးအစားသုံးခု ရှိပါသည်။

ချိုရိုပလတ် မြေပုံများ

၎င်းမှာ ပုံနှိပ်စက်ပါ အသုံးအများဆုံး မြေပုံအမျိုးအစားဖြစ်မည်မှာ သေချာပေါက်ဖြစ်ပြီး ထုတ်လုပ်ရန် အရိုးရှင်းဆုံး ဖြစ်ပါသည်။ ချိုရိုပလတ် မြေပုံများသည် သင့်အား ပေးအပ်သည့် ဒေတာအပိုင်းအစနှင့်အညီ အရောင်အရိပ်ပါသည့် မြေပုံ၏ စီမံအုပ်ချုပ်ရေး အဆောက်အအုံမျိုးစုံ၏ ပိုင်နက်ကို အရောင်ခြယ်နိုင်စေပါသည်။

ဥပမာ သင်က နိုင်ငံအလိုက် ခွဲခြားထားညသ့် ဗြိတိသျှ လူဦးရေ၏ အမြင်ပြသမှုကို ဖန်တီးလိုပါက နေထိုင်သူဦးရေ အများဆုံး မြို့များသည် မည်းနက်ပြီး လူဦးရေအနည်းဆုံးမြို့များမှာ အရောင်ပိုဖျော့ပါမည်။

အပူမြေပုံများ

ယခုတစ်ကြိမ်တွင် သင်သည် ဒေတာ အပိုင်းအစအပေါ် အခြေခံ၍ အရောင် စကေးကို သတ်မှတ်ရပါတော့မည်။ ယခုအပိုင်းတွင် စိတ်ကူးမှာ ဒေတာဘေ့စ်အတွင်း လိပ်စာ၊ တည်နေရာများ သို့မဟုတ် ပထဝီဝင် ကိုသြဒိနိတ်များကို ညွှန်ပြရန် ဖြစ်သည်။ ထို့အပြင် ၎င်းက မြေပုံပေါ်တွင် ပုံစံ ရေးဆွဲမည့် ပွိုင့်များ၏ စုပုံမှု ဖြစ်ပါသည်။

မြို့တွင်းရှိ စက်ဘီးနင်းသူများအတွက် အန္တရာယ် ဇုန်များကို ခွဲခြားရွေးထုတ်ရန်  စကော့တလန်တွင် သင်လုပ်ဆောင်သည့်အလုပ် ဖြစ်သည်။ ပွိုင့်တစ်ခုစီသည် မတော်တဆ ထိခိုက်မှု ဖြစ်ပျက်ခဲ့သည့် နေရာကို ကိုယ်စားပြုပါသည်။ မြေပုံတွင် ပွိုင့်များ စုပုံလာခြင်းသည် စက်ဘီးစီးသူများအတွက် အန္တရာယ်ရှိသော နေရာများကို ညွှန်ပြပါသည်။

အန်နာမောဖစ် မြေပုံများ

နည်းပညာ ဝေါဟာရများတွင် အန်နာမောဖစ် မြေပုံများသည် ဖန်တီးရန် အရှုပ်ထွေးဆုံး ဖြစ်သည်။ ဒေတာများနှင့် ပတ်သက်၍ ၎င်းတို့က ဒေတာအပိုင်းအစသည် ပထဝီဝင် ဧရိယာနှင့် ဆက်စပ်သည့် ချိုရိုပလတ် မြေပုံများနည်းတူ လုပ်ဆောင်ပါသည်။ သက်ဆိုင်သည့် စီမံအုပ်ချုပ်ရေး အဖွဲ့ကို မတူကွဲပြားစွာ အရောင်ခြယ်ခြင်းအစား ဆော့ဖ်ဝဲ ပရိုဂရမ်တွင် ယုံ့ရွဲ့ခြင်းကို အသုံးချထားခြင်းမှာ ခြားနားချက် ဖြစ်သည်။ ဗြိတိသျှ လူဦးရေ၏ မူလ ဥပမာသို့ ပြန်သွားပါက အန်နာမောဖစ် မြေပုံသည် နယ်မြေတစ်ခုအတွင်း အရေးအကြီးဆုံး လူဦးရေ စင်တာများကို ချက်ချင်း ပြသပါသည်။