Menu

15.၁၅။ တိုက်ရိုက်ထုတ်လွှင့်မှုများတင်ဆက်ခြင်း။

ဝက်ဆိုက်များအတွက် သတင်းရေးသားရာတွင် သတင်းတင်ဆက်ခြင်းအနုပညာသည် သဘာဝအတိုင်း ဖြစ်ပါသလား။ ကြားခံနယ်ပေါင်းစုံအသုံးပြု၍ သတင်းတင်ဆက်သော သတင်းထောက်သည် အခြားသူများ နည်းတူပင် ဖြစ်ရပ်တစ်ခုဖြစ်ပွါးပါက ထိုဖြစ်ရပ်ကို အကောင်းဆုံးတင်ဆက်နိုင်ရန် တိုက်ရိုက်သတင်းတင်ဆက်ခြင်း သည်လည်းလိုအပ်ပါသည်။

ရုပ်သံသတင်းကို တိုက်ရိုက်တင်ဆက်ခြင်း

ကြားခံနယ်ပေါင်းစုံ၏ စီးဆင်းနေမှုနှင့် သိမ်းဆည်းမှုများပြုလုပ်နိုင်သည့် အင်တာနက်သည် စဥ်ဆက်မပျက်ပြောင်းလဲနေသော သတင်းဆောင်းပါးများ ဖန်တီးခွင့်ပေးသည်။ ဆန္ဒပြပွဲတစ်ခုနှင့် ဆက်စပ်၍ ပထမဦးစွာ ပေါ်လာသည့် tweet တစ်ခုမှစပြီး ထိုဖြစ်ရပ် အောင်မြင်ခြင်း ကျရှုံးခြင်းနှင့် ဆိုင်သည့် အသေးစိတ်ခွဲခြမ်းစိတ်ဖြာချက်များကို အင်တာနက်ပေါ်တွင် ပုံစံမျိုးစုံအသုံးပြုပြီး ဖော်ပြနိုင်သည်။ ၎င်း၏ တုံ့ပြန်နိုင်စွမ်းနှင့် ရယူနိုင်စွမ်းသည် ထိုဖြစ်ရပ်ကို မည်သည့်ကြားခံနယ်ဖြင့် တင်ဆက်ခြင်းက အကောင်းဆုံးဖြစ်သည်ကို အဆုံးအဖြတ်ပေးသည်။

ဝက်ဆိုက်တစ်ခုအတွက် တင်ဆက်သောသတင်းထောက်သည် ထိုဖြစ်ရပ်ဖြစ်ပွါးနေစဥ်အတွင်း စမတ်ဖုန်းတစ်လုံးတည်းဖြင့်ပင် သတင်းတင်ဆက်ခြင်းကို စတင်လုပ်ဆောင်နိုင်သည်။ ဤကဲ့သို့သော ဖုန်းဖြင့် သင်သည် ဆန္ဒပြပွဲကို ရုပ်သံရိုက်ကူးနိုင်သည်၊ ခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းမှုလုပ်နိုင်သည်၊ ထိုသို့ပြုလုပ်ပြီး ထုတ်လွှင့်နိုင်ရန်အတွက် သေချာပေါက် အင်တာနက်လိုင်း တော့ရှိနေရန်လိုအပ်သည်။ ဆိုလိုသည်မှာ သင်ရိုက်ကူးထားသည်များမှ တစ်မိနစ်ထက်မပိုသော ရုပ်သံကို ဆွဲထုတ်ရန်လိုအပ်ပြီး ရုပ်ပုံများကိုပါ အစီအစဥ်တကျပေးပို့ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ဖုန်းကွန်ယက်များ ချိတ်ဆက်မှုသည် ဆန္ဒပြပွဲဖြစ်ရာနေရာတွင် လူအများတစ်ပြိုင်တည်းအသုံးပြုနေလေ့ရှိသောကြောင့် နှေးနေတတ်သည်။

လူမှုအသိုင်းအဝိုင်းအတွက် အမြင်ရိုင်းစေသည့် ကိစ္စရပ်များကို သတိပြုပါ။ ထိုကဲ့သို့သော သတင်းများ ရယူရာတွင် သင့်အတွက် မှန်ကန်သည်ဟု ထင်ရသည့်အရာကို အလျင်စလိုလုပ်ရလေ့ရှိသော်လည်း ထိုအရာသည် သင်၏ ထင်မြင်ချက် သို့မဟုတ် သင်ရိုက်ကူသည့်အချိန်တွင် ပါလာသည့် အရာသာဖြစ်သည်။ ဖြစ်ရပ်တစ်ခုဖြစ်ပွါးချိန်နှင့် အနီးစပ်ဆုံးထုတ်လွှင့်နိုင်လေ၊ အမှားအယွင်း ပြုလုပ်နိုင်ချေများလေဖြစ်သည်။

တိုက်ရိုက် tweet လုပ်ခြင်း

ဖြစ်ရပ်တစ်ခုကို စာလုံးရေ အများဆုံး ၁၄၀ လုံးဖြင့်ဖော်ပြရေးသားနိုင်ခြင်းသည် သင်သည် ထိုဖြစ်ရပ်ကို အရှင်းလင်းဆုံးနှင့် အရေသွေးမီတင်ဆက်နိုင်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ ဤသည်မှာ “အရေးပေါ်” သတင်းဟုဖော်ပြထားသော နိုင်ငံတကာမှသတင်းများကဲ့သို့ပင် စကားအလှများ၊ စကားတန်ဆာများ၊ စကားလိမ်များ မပါခြင်းကို ဆိုလိုသည်။ ဂန္ဓဝင်မြောက်တည်ဆောက်ပုံအတိုင်းသာ အချက်ကျကျ ပြောပြခြင်းဖြစ်သည်။ အင်တာနက်ခေတ်တွင် သတင်းတင်ဆက်ခဲ့ခြင်းမဟုတ်သော ပြင်သစ်သတင်းသမား Pierre Lazareff ၏ ဆောင်ပုဒ်သည် twitter သတင်းများနှင့်လည်း အလွန်ကိုက်ညီမှုရှိသည် “စာကြောင်းတစ်ကြောင်းသည် ပြုသူ ကြိယာ နှင့် ပြုခံရသူသာဖြစ်သည်။ နာမဝိသေသန တစ်ခု အသုံးမပြုမီ သတိပေးပါ။ ကြိယာဝိသေသန ဖြင့်စာကြောင်းကို စထားပါက အလုပ်ထုတ်ခံရပြီသာမှတ်”။

Twitter သည်သင်၏ ခံစားချက်ကို ဝေမျှခွင့်ပေးသော်လည်း ထိုစစ်ထုတ်ထားခြင်းမရှိသေးသည့် စိတ်ခံစားချက်ကို တိုက်ရိုက်ဖော်ပြမှုကို အသုံးပြုရန် အပြည့်အဝမယုံကြည်ပါနှင့်။ သံမဏိဖော်မြူလာကို လည်းအသုံးမပြုပါနှင့်။ ထိုအရာများသည် ရှုပ်ထွေးသွားစေနိုင်သည်။ သံမဏိနည်းလမ်းသည် အသွားနှစ်ဘက် ဓားကဲ့သို့ပင်ဖြစ်သည်။ စာဖတ်ရာတွင် အဓိပ္ပါယ်တစ်ခုထက်ပို၍ ဖွင့်ဆိုစေနိုင်သည်။ ဖြတ်တောက်ထားသော စာသာများ၏ အနောက်တွင် သင့်စာဖတ်သူ နားလည်နိုင်ခြင်းမရှိသော နောက်ခံအကြောင်းအရာသည် ဖုံးကွယ်နေသည် သို့မဟုတ် စာရေးသူရည်ရွယ်မထားသော အဓိပ္ပါယ်လည်း ထွက်သွားနိုင်သည်။