Menu

17.၁၇။ စကားစမြည်ပြောခြင်းသို့မဟုတ် ဖြေဆိုသူကိုယ်တိုင်ပါဝင်သည့် တွေ့ဆုံမေးမြန်းမှုများ။

ထိတွေ့တုံ့ပြန်နိုင်မှု၊ နီးကပ်မှုနှင့် နားထောင်သူကိုယ်တိုင်ပါဝင်မှု။ ဤအရည်အသွေးသုံးခုသည် သတင်းဝက်ဆိုက် တစ်ခု၏ အဓိပ္ပါယ်ဖြစ်သော သတင်းသမားများနှင့် ဝက်ဆိုက်အသုံးပြုသူများအကြား စဥ်ဆက်မပြတ်ဆက်သွယ်နိုင်မှုကို ဖြစ်စေသည်။ တိုက်ရိုက်ထုတ်လွှင့်သည့် စကားစမြည်ပြောခြင်းများနှင့် ဖြေဆိုသူကိုယ်တိုင်ပါဝင်သည့် တွေ့ဆုံမေးမြန်းမှုများသည် ထိုသို့ပြုလုပ်ရန် သစ်လွင်သည့် နည်းလမ်းများဖြစ်သည်။

တွေ့ဆုံမေးမြန်းခြင်းအနုပညာ

အင်တာနက်၏ သုံးစွဲသူကိုယ်တိုင်ပါဝင်နိုင်သော ရှုထောင့်အမြင်အသစ်သည် စာဖတ်သူကိုယ်တိုင် သတင်းထုတ်လွှင့်မှုတွင်အရေးပါလာသည့် သတင်းပိုင်းဆိုင်ရာပလက်ဖောင်းကိုဖြစ်လာစေသည်။ ညှိနှိုင်းမှုပါဝင်သော ဖြေဆုိသူအများပါဝင်သည့် သတင်းထုတ်လွှင့်မှုကို မတူညီသည့် အဆင့်များတွင် တွေ့နိုင်သည်။

  • ဖြေဆိုသူကိုရွေးချယ်သည့်အချိန်တွင်၊ ဥပမာအားဖြင့် သတင်းခန်းအစည်းအဝေးတွင် ပရိသတ်ကို ရွေးချယ်ခြင်း။
  • တွေ့ဆုံမေးမြန်မှုမပြုလုပ်မီ ပရိသတ်မေးလိုသည့် မေးခွန်းများပေးပို့စေခြင်း။
  • တွေ့ဆုံမေးမြန်းမှုပြုလုပ်နေစဥ်အတွင်း ဖြေဆိုသူ၏ အဖြေများအပေါ်ထင်မြင်ချက်ကို ပရိသတ်မှ လွတ်လပ်စွာထုတ်ေဖာ်စေခြင်း။

အထက်ပါအကြောင်းအရာများသည် ဝက်ဆိုက်အတွက်သတင်းရေးသားရာတွင် အသုံးပြုသင့်သော ပုံစံများကို ဆက်မလုပ်သင့်ဟုမဆိုလိုပါ။

  • ရေးသားဖော်ပြမည့်တွေ့ဆုံမေးမြန်းမှုအတွက် စာလုံးရေ ၆၀၀၀ ထက်မပိုသင့်ပါ။
  • အသံဖြင့် တွေ့ဆုံမေးမြန်းမှုအတွက် တစ်မိနစ်ထက်မပိုသော အသံဖြတ်ပိုင်းများကိုရွေးချယ်ပါ။ ထိုအသံပိုင်းများသည် တွေ့ဆုံမေးမြန်းမှု၏ အရေးအကြီးဆုံးအပိုင်းကို အတို့ချုံ့ဖော်ပြနိုင်ရမည် ဖြစ်ပြီး ထိုအသံဖိုင်ပါအကြောင်းအရာကိုလည်း ရေးသားဖော်ပြထားပေးရမည်။ ထိုနည်းဖြင့် ပရိသတ်ကို အသံချည်းသာနားထောင်ရန်ဖိအားမဖြစ်တော့ချေ။ (တခါတရံ သင်၏ ကွန်ပြူတာပေါ်တွင်လည်း အသံဖြင့်နားထောင်ရန် အခက်အခဲရှိနိုင်သည်၊ ဥပမာ သင်သည် အလုပ်တွင်ရောက်နေသည်ဆိုပါက)
  • ရုပ်သံဖြင့်တွေ့ဆုံမေးမြန်းမှုအရှည်သည် သုံးမိနစ်ထက်မပိုသင့်ပါ၊ အပိုင်း သုံးခုထက်လည်း မပိုသင့်ပါ။ (အသံတွေ့ဆုံမေးမြန်းမှုအတွက်လည်း ထို့အတူပင်ဖြစ်သည်)

နောက်ဆုံးအနေဖြင့်သင်သည် တွေ့ဆုံမေးမြန်းမှုတစ်ခုလုံး၏ အနှစ်ချုပ်ကို မည်မျှပင်ရှည်စေကာမူ ဖော်ပြနိုင်သည်။ ဤအရာသည် ဝက်ဆိုက်အသုံးပြုသူများကို ဖြေဆုိသူအပေါ်တွင် စိတ်ဝင်စားမှုရှိအောင်/ အကြောင်းအရာကို ပျော်ရွှင်ဖွယ်ကောင်းအောင် ပြုလုပ်ပေးနိုင်သည်၊ သို့သော်လည်း ထိုအနှစ်ချုပ်သည် သင်မည်မျှကောင်းမွန်စွာတည်းဖြတ်ထားသည်ကို ပြခြင်းဖြစ်သည်။ ဤသည်မှာ ပွင့်လင်းမြင်သာမှုရှိစေရန် ပြုလုပ်သင့်သည့် လေ့ကျင့်ခန်းလည်းဖြစ်သည်။

စကားစမြည်ပြောနိုင်သည့် ကိရိယာများ

စကားစမြည်ပြောနိုင်သည့် ကိရိယာများသည် သတင်းသမားကိုယ်တုိင် သို့မဟုတ် သတင်းခန်းမှ ညှိနှိုင်းကြီးကြပ်ပေးသော ထိတွေ့တုံ့ပြန်နိုင်သည့် ပလပ်ဖောင်းဖြစ်သည်။ ဤအရာသည် သတင်းခန်းနှင့် ဝက်ဆိုက်အသုံးပြုသူများ မေးသည့် မေးခွန်းများ ရောထွေးနေသော တွေ့ဆုံမေးမြန်းမှုတစ်ခုလည်း ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည်။

  • အလွယ်ကူဆုံးနည်းလမ်းမှာ မေးခွန်းများကို ကြိုတင်ရွေးချယ်ထားခြင်းဖြစ်သည် (စာဖတ်သူကို တွေ့ဆုံမေးမြန်းမှုမစမီ ၂၄ နာရီအတွင်းမေးမြန်းခြင်း) ထိုနည်းဖြင့် ဖြေဆိုသူ၏ အဖြေများကိုလည်း စာအနေဖြင့်ပြန်ရေးနိုင်ပြီး တွေ့ဆုံမေးမြန်းမှုစသည်နှင့် မေးခွန်းအသစ်များကိုလည်း ရွေးချယ်နိုင်သည်။ သတင်းသမား တစ်ယောက် သို့မဟုတ် နှစ်ယောက်သည် ထိုအရာကို ပြုလုပ်နိုင်သည်။
  • အခြားနည်းလမ်းမှာ လုပ်ဆောင်မှုသည် အတူတူပင်ဖြစ်သော်လည်း ဖြေဆိုသူ၏ အဖြေများကို ရုပ်သံရိုက်ကူးထားပြီး တည်းဖြတ်ပြီးပါက စာဖြင့်ရေးသားထားမှုနှင့်တွဲကာ အွန်လိုင်းပေါ်သို့ တင်ပေးခြင်းဖြစ်သည်။ အနည်းဆုံးသတင်းသမား သုံးယောက်သည် တာဝန်တစ်ခုချင်းခွဲဝေယူရန် အတွက်လိုအပ်သည်။
  • ခက်ခဲမှုအရှိဆုံးမှာ တိုက်ရိုက်ထုတ်လုပ်မှုကို တူညီသည့် ပုံစံဖြင့် ပြုလုပ်ခြင်းဖြစ်သည်၊ ထို့အတွက် Seemic’s ဟူသည့် ပလပ်ဖောင်းကို အသုံးပြုနိုင်သည်။

ထိတွေ့တုံပြန်နိုင်မှုကို ညှိနှိုင်းတင်ဆက်ခြင်းသည် သင်၏ တိုက်ရိုက် စကားစမြည်ပြောသည့် အစီအစဥ်ကို အောင်မြင်စေရန်အတွက် လိုအပ်သည်။ ထိုနည်းဖြင့် စာဖတ်သူ၏ မေးခွန်းများနှင့် သတင်းသမား၏ အားထုတ်မှုတွင် တန်ဖိုးထည့်ပေါင်းနိုင်သည်။