Menu

18.၁၈။ ထင်မြင်ယူဆချက်များကို ညှိနှိုင်းခြင်း။

ဝက်ဆိုက်သတင်းခန်းများတွင် အသုံးပြုသူများ၏ ထင်မြင်ယူဆချက်များကို ဂရုပြုတင်ဆက်သင့်သည်။ ထိုထင်မြင်ယူဆချက်များကို ညှိနှုိင်းခြင်းဖြင့် အစုအဖွဲ့တစ်ခုကို ဖန်တီးပေးသည်၊ ထိန်းသိမ်းပေးသည်။ ထိုသူများသည် သတင်းအချက်အလက်များနှင့် ကျွမ်းကျင်မှုများကို ယူဆောင်လာပေးသည်။

ထင်မြင်ယူဆချက်ပေးရန်အတွက် နေရာ

ဝက်ဆိုက်တစ်ခုအတွက် သိသာသည့် စည်းမျဥ်းတစ်ခု၊ သတင်းအချက်အလက်ဆိုင်ရာ ဝက်ဆိုက်အတွက် စည်းမျဥ်းမှာ

  • ၉၀ ရာခိုင်နှုန်းသည် ဖတ်ရုံသာဖတ်ကြသည်။
  • ၉ ရာခိုင်နှုန်းသည် ရံဖန်ရံခါ ထင်မြင်ချက်ပေးကြသည်။
  • ၁ ရာခိုင်နှုန်းသည် ပုံမှန်ကြိုးစားအားထုတ်မှုဖြင့် ထင်မြင်ချက်ပေးကြသည်။

တောက်လျှောက်ထင်မြင်ယူဆချက်ပေးသူနှင့် သင်၏ အမှန်တကယ် အဝန်းအဝိုင်းကို ရောထွေးမပစ်ရန် ဂရုပြုပါ။ ထိုသို့သတိပြုရန်မှာ ပုံမှန်ထင်မြင်ချက်ပေးသူများ၊ တစ်ရက်တစ်ကြိမ်သာ ထင်မြင်ချက် အနည်းငယ်ပေးသူများအကြားကွာခြားချက်ကို ဖြစ်စေသည်။ ထို့ကြောင့်ထင်မြင်ချက်ပေးသည့် နေရာတွင် ထိုတစ်ယောက်တည်းကပဲပေးနေသလားထင်မှတ်ရလာစေသည်။

ညှိနှိုင်းမှုစနစ်များ

ထင်မြင်ယူဆချက်များကို ညှိနှိုင်းရန် နည်းလမ်းနှစ်ခုရှိသည်။ မထုတ်လွှင့်မီညှိနှိုင်းခြင်းသည် အသုံးအများဆုံးဖြစ်သည်။ သမရိုးကျ သတင်းမီဒီယာဝက်ဆိုက်များတွင် ထိုအရာများကို အပြင်မှရယူသည်။ ညှိနှိုင်းပေးသူသည် ထိုထင်မြင်ချက်များသည်  ယဥ်ကျေးမှုရှိသလားနှင့် ဥပဒေချိုးဖောက်သလား ဆိုသည်ကို စစ်ဆေးသည်။ တခါတရံ ရေးသားသူကိုယ်တိုင်ပင် ထင်မြင်ချက်ပေးသူကို တုံ့ပြန်ဖြေကြားရသည်။ ဤအရာသည် သတင်းခန်းနှင့် စာဖတ်သူအကြားဆွေးနွေးမှုကိုဖြစ်စေသည်။ စာဖတ်သူကမေးခွန်းမေးသည့် အချိန်တွင် စာရေးသူသည် တိုက်ရိုက်သာဖြေဆိုနိုင်သည်။

ညှိနှိုင်းမှုအလွန် ထင်မြင်ချက်ကို ထုတ်ဝေပြီးပါက ထိုအရာကို ပို၍ ပို၍ အသုံးပြုလာကြသည်၊ စာဖတ်သူများ သတင်းဝက်ဆိုက်တွင် မှတ်ပုံတင်ပြီး ထင်မြင်ချက်များပေးကြသည်ကို ကျေးဇူးတင်ရပေမည်။ အချို့ဝက်ဆိုက်များသည် သင်၏အမှန်တကယ် အမည်နှင့်မှတ်ပုံတင်ခိုင်းလေ့ရှိသောကြောင့် ပို၍ လေးနက်မှုရှိသော ထင်မြင်ချက်များပေးလာကြသည်။ ထိုကဲ့သို့သော အခြေအနေများတွင် သတင်းသမားများသည် ညှိနှိုင်းပေးသူအနေဖြင့် လုပ်ဆောင်ပြီး သတင်းခန်းသည်လည်း ကောင်းမွန်စွာပါဝင်လာသည်။

ရပ်ဝန်းတစ်ခုကို ကောင်းမွန်စွာညှိနှိုင်းခြင်းအတွက် စည်းမျဥ်းများ

ပထမဦးဆုံးစည်းမျဥ်းမှာ NYPD ၏ ကျိုးပဲ့နေသော ပြတင်းပေါက်သီအိုရီဖြစ်သည်။ အကယ်၍သင်သည် ပြတင်းပေါက်၏ ကွဲနေသောမှန်ကို မြန်မြန်ဆန်ဆန်မပြင်ပါက ထိုလမ်းသည် ပို၍ဗရမ်းဗတာဆန်လာပြီး ဥပဒေမဲ့နေရာတစ်ခုဖြစ်လာမည်။ လူတိုင်းသည် ပို၍ ရှုပ်ထွေးအောင်အနည်းငယ်စီပြုလုပ်လာကြသည်။ အကယ်၍ သင်သည် ပြတင်းပေါက်ကို ပြင်လိုက်ပါက သင်သည်ရှင်းလင်းသည့် သင်္ကေတကိုပြနေခြင်း ဖြစ်သည်။ ထိုအရာသည် ဆွေးနွေးမှုတွင်လည်း အတူတူပင်ဖြစ်သည်။ အကယ်၍ သတင်းသမားသည် အမြန်ဆုံးဝင်ရောက်ဖြေရှင်းခြင်းမရှိပါက ထိုအငြင်းပွါးမှုသည် ထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်သည်။ အကယ်၍ ထိုသို့ဝင်ရောက်ညှိနှိုင်းဖြေရှင်းမှုမျိုးရှိခဲ့ပါက တင်းမာမှုများသည် လျော့ကျလာနိုင်ပြီး ဝက်ဆိုက်အသုံးပြုသူများသည် အင်တာနက်သည်လည်း အများပြည်သူနှင့်ဆိုင်သည့် နေရာဖြစ်သောကြောင့် သင့်အနေဖြင့် လူအများကို ထိခိုက်နစ်နာအောင်ပြုမူ၍မရကြောင်း သဘောပေါက်လာပေမည်။

ဒုတိယစည်းမျဥ်း၊ သင်၏ ဆွေးနွေးမှုများတွင် အရွှန်းဖောက်ပါ။(ထို့အပြင် ကိုယ်အားနည်းချက်ကိုယ်ပြောပါ) သင်၏ ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ၊ သင်မည်ကဲ့သို့ပြောဆိုဆွေးနွေးနေသနည်း၊ သင်၏ အလုပ်နှင့် ဆိုလိုရင်းကို မည်ကဲ့သို့ ကာကွယ်ရမည်ဖြစ်ကြောင်းသိပါ။ မည်သူကမှ စိတ်ဆိုးလိမ့်မည်မဟုတ်ပါ။ အကယ်၍သင်သည် သင်မဟုတ်သည့်အရာတစ်ခုအဖြစ်ဟန်ဆောင်ပါက လူတိုင်း သတိပြုမိမည်မှာ အသေအချာပင်ဖြစ်သည်။

စတုတ္ထစည်းမျဥ်း၊ အကယ်၍ သင်သည် အမှားအယွင်းပြုလုပ်မိပါက သို့မဟုတ် မေးခွန်းကို မည်သို့ဖြေဆိုရမည်ကို မသိပါက ဝန်ခံပါ။ (ထိုအရာသည် လူတိုင်းတွင်ဖြစ်နိုင်သည်) မည်သူမျှစိတ်ဆိုးမည် မဟုတ်ပါ။ သို့သော်လည်း အကယ်၍ သင်သည် သင်၏ဆင်စွယ်နန်းတော်ကြီးပေါ်သို့ မည်သည်ကိုမျှမမှုဘဲ တက်နေပါက ထိုနေရာမှသူများသည် ဆိုးဆိုးရွားရွားတုံ့ပြန်ပါလိမ့်မည်။

ပဥ္စမစည်းမျဥ်း၊ သင်၏ ထင်မြင်ချက်နှင့်အလုပ်ကို ကာကွယ်ပါ။ သတင်းသမား၏ ဓမ္မဓိဌာန်ကျမှုသည် Web 2.0 နှင့်အတူရောက်လာပြီး ပြန်သွားလိုက်သည်။ သင်၏အလုပ်အပေါ်တွင် ရိုးသားပြီး ဆန့်ကျင့်သော အရေးအသားစည်းမျဥ်းများကို လေးစားလိုက်နာသည်နှင့်အမျှ မည်သူတစ်ဦးတစ်ယောက်ကမျှသင့်ကို စိတ်ဆိုးမည်မဟုတ်ပါ၊ အဘယ်ကြောင့်ဆုိသော် သင်၏အမြင်များသည် သတင်းထဲမပါသောကြောင့် ဖြစ်သည်။

နောက်ပြောင်နှောင့်ယှက်မှုများကို မည်သို့ကိုင်တွယ်ရမည်နည်း။

အမည်မဖော်ဘဲ နောက်ပြောင်နှောင့်ယှက်သူများ၏ ရည်ရွယ်ချက်မှာတစ်ခုတည်းဖြစ်သည်၊ ဆွေးနွေးမှုကို ဖျက်ဆီးရန်ဖြစ်သည်။ သူတို့သည် ဒေါသထွက်အောင် ပြုလုပ်လိုကြသည်၊ အရာရာတိုင်းကို သူတို့သိသည် အထင်မှတ်သူများဖြစ်သည်၊ ရိုင်းစိုင်း ကြမ်းတမ်းသည် သို့မဟုတ် တစ်ဘက်သားကို စော်ကားမော်ကား ပြုလိုသည်၊ ထိုအခြေအနေတွင် သင်မှတ်မိနေရန်စည်းမျဥ်းတစ်ခုရှိသည် နောက်ပြောင်နှောင့်ယှက်မှုကို တုံ့ပြန်ခြင်းမပြုပါနှင့်။ အကယ်၍ သင်သည်သူတို့နှင့်ပြိုင်၍ငြင်းပါက မည်သည့်အချိန်အခါတွင်မျှ အဆုံးသတ်မည်မဟုတ်ပါ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ဆွေးနွေးမှုကို ဖျက်ဆီးရန်အတွက်သာ အသက်ရှင်သောကြောင့်ဖြစ်သည်။