Menu

19.၁၉။ ညှိနှိုင်းမှုပါဝင်သည့်အများပါဝင် မျှဝေမှုများ။

ဝက်ဆိုက်ပေါ်တွင်ရှိသော ထင်မြင်ချက်များ၏ အရေအတွက်သည် ၎င်း၏ အသက်ဝင်မှုကို ဖော်ပြ သော်လည်း ၎င်းတို့၏ အရည်အသွေးကို လစ်လျူမရှုသင့်ချေ။ ဝက်ဆိုက်အသုံးပြုသူများသည် သတင်းများကို ယူဆောင်လာပေးခြင်း၊ မှန်ကန်ကြောင်းစစ်ဆေးမှုများပြုလုပ်ခြင်း သို့မဟုတ် ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခြင်းဖြင့် သတင်းသမားများအတွက် သတင်းရရှိရာလမ်းကြောင်းကို တိုးပွါးလာစေသည်။

ထင်မြင်ယူဆချက်များကို ညှိနှိုင်းခြင်း

ဝက်ဆိုက်အသုံးပြုသူများ၏ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းမှသူများသည် ဝက်ဆိုက်များအပေါ်တွင် ထင်မြင်ချက်များပေးလေ့ရှိသည်ထက် အမှန်တကယ် သင့်လျော်ကိုက်ညီမှုရှိသော အကြံပြုချက်များသည် ရှာရန်အလွန်ခက်ခဲပါသည်။ ၎င်းတို့ကို သိရှိရန်အတွက် နည်းလမ်းအချို့မှာ

  • ထင်မြင်ချက် အားလုံးကို ဖတ်ပါ။ များသောအားဖြင့် အရေးပါသည့် အကြောင်းအရာသည် မှန်ကန်ကြောင်းသက်သေထူချက်များထဲတွင်ရှိနေတတ်သည်။ သင့်အနေဖြင့် ရေးသားသူကို ဆက်သွယ်နိုင်သည်။
  • အကောင်းဆုံးထင်မြင်ချက်များကို မီးမောင်းထိုးဖော်ပြခြင်းသည် အရည်အသွေးကောင်းသော အကြံပြုချက်များ ပိုမိုပြုလုပ်ရန် တိုက်တွန်းအားပေးသည်။ ဤနည်းဖြင့်လည်း ဝက်ဆိုက်အသုံးပြုသူများကို ၎င်းတို့၏ ထင်မြင်ချက်ယူဆချက်များကို သတင်းခန်းမှ အရေးတယူ ဖတ်ရှုကြောင်းဖော်ပြရာလည်းရောက်သည်။
  • ထင်မြင်ချက်ပေးသည့်နေရာတွင် စကားဝိုင်းကို ဆက်လက်ထိန်းသိမ်းထားပြီး အခြား စိတ်ဝင်စားသူများလည်း ပါဝင်လာမှုရှိအောင်စောင့်ကြည့် ဖိတ်ခေါ်ပါ။

တစ်ခုလုံးအနေဖြင့်ခြုံကြည့်ပါက သတင်းသမားများက ပိုမိုဝင်ရောက်ပါဝင်မှုရှိလေ အသုံးပြုသူများသည် သတင်းတင်ဆက်ရန်အတွက် သူတို့လည်းကူညီပေးနေသည်ဟု ထင်မှတ်လာလေဖြစ်သည်။ လုပ်ဆောင်ချက်တစ်ခုကို တောင်းဆိုခြင်းသည် ပရိသတ်များပါဝင်လာမှုကို တိုးတက်အောင်ပြုလုပ် ရည်ရွယ်နိုင်သည့် အဆင့်တစ်ခုဖြစ်သည်။ အကယ်၍ သင်၏စာဖတ်ပရိသတ်သည် ဆောင်ပါးတွင် တွင်ပါဝင်သည့် အကြောင်းအရာနှင့်ပါတ်သက်၍ အမှန်တကယ်စိတ်ဝင်စားမှုရှိပါက သူတို့သည် ထိုသို့တောင်းဆိုရန်လည်း ဝန်လေးမည်မဟုတ်ပါ။ နောက်ဆုံးအနေဖြင့် ဤ “ပါဝင်ပစ္စည်း” ကို သတိရရန်လိုအပ်သည်၊ ပထမဦးဆုံး ထင်မြင်ယူဆချက်တစ်ခုသည် အခြားအရာများထက် အရည်အသွေး အရ ပို၍ကောင်းလေ့ရှိသည်၊ အဘယ်ကြောင့်ဆိုသော် စာရေးသူ၏ လက်ခံနိုင်မှုကြောင့်ဖြစ်သည်။ နောက်တစ်ခုမှာ စာဖတ်သူထံတွင်  သင့်လျော်သည့်အကြောင်းအရာတစ်ရှိပါက သူ၏ထင်မြင်ယူဆချက်ကို ပေးပါလိမ့်မည်။

ဆက်ဆံရေးကို ထိန်းသိမ်းခြင်း

အကူအညီဖြစ်သည့် မျှဝေသူကို တွေ့ရှိပြီဆိုပါက ထိုသူကိုကာကွယ်ထားသင့်သည်။ ထိုသူသည် ပညာရပ်တစ်ခုကို လေ့လာနေသူဖြစ်စေ၊ မုန့်ဖုတ်သမား သို့မဟုတ် အလုပ်လက်မဲ့ဖြစ်စေ ဤစာဖတ်သူသည် အလွန်သင့်လျော်မှုရှိသည့် ပညာရှင်တစ်ဦးဖြစ်နေနိုင်သည်။ အကယ်၍သင်သည် စကားစမြည် ပြောခြင်းမှဖြစ်စေ၊ ပလက်ဖောင်းတစ်ခုမှပြောခြင်းဖြစ်စေ သူနှင့်ပုံမှန်ဆက်သွယ်မှု ရှိပါက သူ၏ သစ္စာရှိမှုကို သင်ရရှိလာမည်ဖြစ်သည်။ ထို့ကြောင့် သင်သည် သူ့ကိုပါဝင်မျှဝေခိုင်းသည့်အချိန်တွင် သင့်ကို သူ၏အကောင်းဆုံးအဖြေပေးပါလိမ့်မည်။

ဤအရာသည် သင်၏ကိုယ်ပိုင်အဝန်းအဝိုင်းတည်ဆောက်ခြင်းဖြစ်သည်၊ ၎င်းသည် သတင်းသမားများ၏ သတင်းရင်းမြစ်ကွန်ယက်တစ်ခုတည်ဆောက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ တခါတရံ၊ အချိန်အနည်းငယ် ကြာပြီးနောက် ထိုဝက်ဆိုက်အသုံးပြုသူများကို ဘလော့ဂါများဖြစ်လာအောင် သင်ပြုလုပ်ပေးနိုင်လိမ့်မည်။ ဤအရာသည် သတင်းသမားများကို ပြည်သူများနှင့် အစားထိုးခြင်းမဟုတ်ချေ။ ထိုအရာမှလွဲ၍ လိုအပ်ချက်တစ်ခုသာရှိသည် သတင်းသမားများသည် သတင်းအလုပ်ကို ကောင်းမွန်မှန်ကန်စွာလုပ်ပြီး လိုအပ်သည့်အချိန်၊ အခြေအနေတွင် အမှန်တရားဘက်မှရပ်တည်ခြင်းဖြစ်သည်။

ထိုကဲ့သို့သော ဝက်ဆိုက်အသုံးပြုသူများကို သတင်းပိုမိုကောင်းမွန်အောင်တင်စေခြင်းနှင့် ဝက်ဆိုက်အတွက် မည်ကဲ့သို့သတင်းရေးသားနိုင်သည်ကို သင်ကြားပေးခြင်းသည် စစ်မှန်သည့် အွန်လိုင်းပေါ်ရှိ သတင်းယူဆောင်လာပေးသူများအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။