Menu

02.၂) သင်၏ သတင်းများ ကြည့်ရှုမှုကို စုစည်းခြင်း

လူမှုမီဒီယာသည် သတင်းအတွက် အရေးကြီး ညွှပ်ရပ်ဖြစ်သော်လည်း Google က ယူဆောင်လာသည့် ရှာဖွေရေး အင်ဂျင်များကလည်း အလားတူ အရေးကြီးပါသည်။ သေချာတာတစ်ခုကတော့ ကမ္ဘာအနှံ့အပြားတွင် စက္ကန့်တိုင်း ထုတ်ပြန်နေသည့် အရာအားလုံးကို ဖော်လိုလုပ်ရန်မှာ မဖြစ်နိုင်ပါ။ စိတ်ပျံ့လွင့်မှုမဖြစ်စေရန် သင်၏ သတင်း ကြည့်ရှုမှုကို မဖြစ်မနေ စုစည်းစီစဉ်ရမည်။

Google News နှင့် Google Alerts ကို အသုံးပြုခြင်း

Google News ကတော့ အွန်လိုင်း သတင်းစာစင်လေး တစ်ခုပါ။ Google News မှာ ဝင်ရှာရင်း သင့်တစ်နေ့တာကို စတင်ခြင်းက စိတ်ကူးမှား မဖြစ်နိုင်ပါ။ ၎င်းက သတင်း အစုလိုက်အတွက် အထူးတလည် ထိရောက်မှုရှိပါသည်၊ သို့သော် ဤကိရိယာကို အယ်လ်ဂိုရစ်သမ်ဖြင့် စီမံထားပြီး အဆိုပါ အယ်လ်ဂိုရစ်သမ် လုပ်ဆောင်ပုံကိုတော့ အပြည့်အဝ မသိရသေးသည်ကို သိထားပေးပါ။ သတင်းအစုအဝေးကို ပြီးပြည့်စုံစေဖို့ CurationSoft ကဲ့သို့ ပြည့်စုံတိကျရေး စာမျက်နှာများကို သင်အသုံးပြုနိုင်ပါသည်။ ဤစာမျက်နှာများသည် သတင်းများကို အစုလိုက်ဖော်ပြသော်လည်း ယခုတစ်ခုမှာ လူမှုမီဒီယာမှတဆင့် စုဆောင်းထားခြင်း ဖြစ်သည်။

သင့်စိတ်ဝင်စားသည့် ကဏ္ဍများမှာ သီးခြားဖြစ်ပါက Google Alerts အချို့ကို သင်ဖန်တီးသင့်ပါသည်။ အဓိကစကားလုံး တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ သတ်မှတ်ပြီးနောက် ရှာဖွေရေး အင်ဂျင်သည် သတ်မှတ်ထားသည့် ဝေါဟာရများပါဝင်သည့် ဝဘ်စာမျက်နှာအသစ်အားလုံး စုပေါင်းထားသော အီးမေးလ်များကို သင့်ထံ ပုံမှန် ပေးပို့ပါမည်။ ဒါကတော့ လူသိများသော အကြောင်းအရာမှန်သမျှ သင်လက်မလွတ်စေဖို့ သေချာစေမည့် နည်းလမ်းကောင်းပါ။

Twitter တွင် စာရင်းများ ဖန်တီးခြင်းနှင့် TweetDeck သုံး၍ ၎င်းတို့ကို စုစည်းခြင်း

လူမှုမီဒီယာ ပလတ်ဖောင်းများ အထူးသဖြင့် Twitter သည် ရပ်တန့်မရသော သတင်းစီးကြောင်းတစ်ခု ဖြစ်ပါသည်။ သင့်ထံ ရောက်လာသည့် အကြောင်းအရာအားလုံးအပေါ် ထိန်းချုပ်မှု ရှိလိုပါက အကြောင်းအရာအလိုက် အကောင့်များ (ရုပ်ရှင်မင်းသားများ၊ အချို့နယ်ပယ်ရှိ ရွေးချယ်ခံရသော အရာရှိများ၊ ဘောလုံးအသင်း၏ ကစားသမားများ၊ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ အစရှိသည်တို့) ကို ဖန်တီးခြင်းဖြင့် သတင်းများ ကြည့်ရှုမှုကို စုစည်းရန်မှာ အထူးအရေးကြီးပါသည်။

Twitter တွင် သင့်စာရင်းများကို ဖန်တီးပြီးသည်နှင့် ၎င်းတို့ကို အဆိုပါ ကုမ္ပဏီက ဖန်တီးရေးသားသည့် တခြားကိရိယာတွင် ထည့်သွင်းပေးရမည့် အချိန်ကျပါပြီ- TweetDeck။ ဤကိရိယာ၏ အဓိက အကျိုးခံစားခွင့်မှာ တစ်ချိန်တည်းတွင် မျက်နှာပြင်တစ်ခုပေါ်၌ အချိန်အပိုင်းအခြားများစွာ (တွိများ၏နှစ်ကာလအလိုက် စာရင်းများ) ကို ကြည့်ရှုနိုင်စေခြင်း ဖြစ်သည်။ စမတ်ဖုန်းတွင် အသုံးပြုခြင်းမှာ အသင့်တော်ဆုံး ဖြစ်သော်လည်း ကိရိယာသည် ကွန်ပျူတာပေါ်တွင် မှန်ကန်စွာ စီစဉ်ထားပါက ကြည့်ရှုရ အဆင်ပြေနေပါသည်။

အွန်လိုင်း ဖိုရမ်များအကြောင်းကို မမေ့ပါနှင့်

သတင်းကမ္ဘာကြီး၏ အကြီးမားဆုံးသော လူမှုမီဒီယာ ပလတ်ဖောင်းများနှင့် ရှာဖွေရေး အင်ဂျင်များက တစ်စက္ကန့်အတွင်း ရေတွက်မရနိုင်သော သတင်းအချက်အလက် ပမာဏကို အမှန်တကယ် ယူဆောင်ပေးနေပါသည်။ သို့သော် ၎င်းမှာ သင်ရှာဖွေကြည့်ရှုနိုင်သည့် တစ်ခုတည်းသော နေရာ မဟုတ်ပါ။ ယေဘုယျဆိုရပါက အင်တာနက်၏ အစောပိုင်းခေတ်များတွင် အတော်လေး ခေတ်မီခဲ့သည့် ဆွေးနွေးမှု ဖိုရမ်များမှာလည်း လူသုံးများဆဲပါ။

လူတွေ ဘာကို ဆွေးနွေးနေလဲဆိုတာကို သင်သိလိုပါသလား။ ဝဘ်ဆိုက် NeoGAF ပေါ်ရှိ  ဖိုရမ်ကို ဝင်ကြည့်ပါ။ သီးခြား အကြောင်းအရာအတွက် ဆွေးနွေးမှု အစုလိုက်များကို ရှာဖွေလိုပါသလား။ သင်ရှာဖွေနေသည့်အရာများကို Reddit တွင် ရှာတွေ့ပါမည်။ လတ်တလော နှစ်များတွင် အွန်လိုင်း ဆွေးနွေးမှု ကိရိယာ Discord သည်လည်း အကြောင်းအရာအားလုံးအတွက် အကြောင်းအရာအလိုက် ဆက်သွယ်ပြောဆိုမှုများ ပေါ်ထွက်လာမှုကိုလည်း သင်မြင်တွေ့ရပါသည်။ စူးစမ်းလေ့လာရမည့် နယ်ပယ်များစွာ ရှိပါသည်။