Menu

20၂၀။ ဝက်ဆိုက်အသုံးပြုမှုကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် ကိရိယာများ။

ဝက်ဆိုက်တစ်ခုကို တည်ဆောက်ရာတွင် ဝက်ဆိုက်ကို မည်သူတွေအသုံးပြုသလဲ၊ ဘယ်အချိန်မှာ သူတို့ ဝက်ဆိုက်ကို ဝင်ရောက်အသုံးပြုကြသလဲ၊ သူတို့အကြိုက်ဆုံးစာမျက်နှာက ဘာလဲ၊ ယနေ့ခေတ်တွင် မတူညီသည့် ဆော့ဝဲများကို အသုံးပြု၍ ထိုအဖြေများကို အသေးစိတ်ဖြေဆိုနိုင်သည်။

ကိရိယာများ

မတူညီသည့် ကိရိယာအမျိုးမျိုးကို အသုံးပြု၍ သင်၏ ပရိသတ်အရေအတွက်နှင့် အရေအသွေးကို သိရှိနိုင်သည်။ ထိုသို့သိရှိရန်အသုံးပြုသည့် ကိရိယာအမြောက်အများထဲမှ လူသိများသည့် ကိရိယာများမှာ

  • Chartbeat သည်သင်၏ဝက်ဆိုက်ရှိ မူလစာမျက်နှာမှ ဆက်သွယ်ရန် စာမျက်နှာအထိ ဝင်ရောက်ကြည့်ရှုမှုအားလုံးကို အချိန်နှင့်တပြေးညီခြေရာခံပေးသည်။ အချို့သတင်းခန်းများသည် မည်သည့်သတင်းဆောင်းပါးက လူကြိုက်များကြောင်း သိရှိရန်အတွက် အသုံးပြုကြသည်။ ထို့အပြင် ဝက်ဆိုက်အသုံးပြုသူများသည် မည်သည့်နေရာမှအသုံးပြုသနည်းနှင့် ဝက်ဆိုက်မှ ထွက်သွားပါက မည်သည့်နေရာသို့ သွားသနည်း ကိုလည်းခြေရာခံသည်။ ထိုသို့သိရှိရန်အတွက်လည်း ထိုဝန်ဆောင်မှုကို ပိုက်ဆံပေး၍ အသုံးပြုရသည်။
  • Google Analytics ကပေးသည့် ဝန်ဆောင်မှုသည်လည်း အနည်းနှင့်အများအတူတူပင်ဖြစ်သည်၊ သို့သော်သူသည် တစ်ရက်ချင်းစီအတွက် ဖော်ပြပေးပြီး ဇယားဖြင့် (ကြည့်ရှုသူများ၊ အကြောင်းအရာ၊ ဝင်ရောက်မှု၊ ကြော်ငြာများ) ခွဲခြားဖော်ပြပေးသည်။ အဆင်မပြေမှု။ ။ Google Analytics သည် အသုံးပြုသူများအကြားဆက်နွှယ်မှုကိုခွဲခြားမပြဘဲ ချိတ်ဆက်မှုကိုသာဖော်ပြသည် (အကယ်၍သင်တွင် အိမ်မှ ဝက်ဆိုက်တစ်ခုကို ဝင်ရောက်ကြည့်ရှုနေပြီး၊ ရုံးရောက်သည့်အခါတွင် လည်း ထိုဝက်ဆိုက်ကို ဝင်ရောက်ကြည့်ရှုပါက ၎င်းသည် မတူညီသည့် ဝင်ရောက်ကြည့်ရှုသူ အဖြစ်သာ ဖော်ပြပေးသည်) ထို့ကြောင့် ဝင်ရောက်ကြည့်ရှုသူများသည် ထပ်နေနိုင်သည်။
  • Nielsen သည် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည်၊ (၎င်းသည် ပြင်သစ်၏ Meédiamétrie ၏ မိတ်ဘက်အဖွဲ့လည်းဖြစ်သည်) ဤနည်းလမ်းဖြင့် ဝင်ရောက်ကြည့်ရှုမှုကို အမှန်ကန်ဆုံးဖော်ပြပေး နိုင်သည်၊ ၎င်းသည် ကြေငြာအဖွဲ့အစည်းများ ဝက်ဆိုက်များနှင့်ပတ်သက်၍ အဆင့်သတ်မှတ်မှုများ ပြုလုပ်သည့်အခါတွင် အများဆုံးအသုံးပြုကြသည်။ အဆင်မပြေမှု။ ။ ပုဂ္ဂလဝက်ဆိုက်များမှ စုဆောင်းထားသော အချက်အလက်များကို ရည်ညွှန်းရန်အတွက် (ဥပမာ ဂိမ်းဝက်ဆိုက်များ) Nielsen ၏ ဝင်ရောက်ကြည့်ရှုမှုတွက်ချက်ပေးခြင်းသည် အသုံးပြုရန်အလွန်လွယ်ကူသည်။

အသုံးပြုလေ့ရှိသော ချည်းကပ်မှုနှစ်ခု

ဝက်ဆိုက်ဗဟိုပြုချည်းကပ်မှု။ ၎င်းသည် ဝက်ဆိုက်ပေါ်ရှိလှုပ်ရှားမှုကို ခြေရာခံပြီး မရှိမဖြစ်လိုအပ်သည့် အချက်အလက်များနှင့်ပတ်သက်ပြီး အလွန်ကောင်းမွန်သည့် သုံးသပ်ချက်ကိုထုတ်ပေးနိုင်သည်။ ၎င်းသည် ဝက်ဘရောက်ဇာအတွင်းထိုဝက်ဆိုက်၏ အမည်ကို ရိုက်၍ ထည့်သွင်းမှုအကြိမ်အရေအတွက်ကို တွက်ချက်ပေးသည်။ ထိုအရာသည် ဝက်ဆိုက်အတွင်းသို့ဝင်ရောက်ကြည့်ရှုသည့်အကြိမ်အရေအတွက်နှင့် ဝက်ဆိုက်ကို မြင်တွေ့သည့် အကြိမ်အရေအတွက်ကို ကူညီတိုင်းတာပေးသည်။ ထိုအရာတွင် ကွန်ပြူတာနှင့် မိုဘိုင်းဖုန်းနှစ်ခုလုံးနှင့် ဝင်ရောက်ကြည့်ရှုမှု နှစ်ခုလုံးအကျုံးဝင်သည်။

အသုံးပြုသူဗဟိုပြုချည်းကပ်မှု။ ၎င်းသည် ဝက်ဆိုက်အသုံးပြုသူအရေအတွက်အတိုင်းရရှိနိုင်သည့် အင်တာနက်အသုံးပြုမှုအားလုံးကို သိမ်းဆည်းခြင်းဖြစ်သည်။ (Nielsen နမူနာအရ ပြင်သစ်တွင် ဝက်ဆိုက်အသုံးပြုသူ ၂၅.၀၀၀ ဦးဝန်းကျင်ရှိသည်) ဤအသုံးပြုသူဗဟိုပြုချည်းကပ်မှုသည် ဝက်ဆိုက်အသုံးပြုသူများသည် မည်သို့သောသူများဖြစ်သည်ကို အနီးစပ်ဆုံးဖော်ပြပေးပြီး ဝက်ဆိုက်အမျိုးမျိုးကို ဝင်ရောက်ကြည့်ရှုမှုနှုန်းကို ဖော်ပြပေးသည်။ သို့သော်လည်း ဝက်ဆိုက်အသုံးပြုသူများသည် အများပြည်သူဆိုင်ရာနေရာများမှအသုံးပြုနေပါက သို့မဟုတ် နိုင်ငံရပ်ခြားမှ အသုံးပြုနေပါက အသုံးမဝင်ပါ။

အဓိက တိုင်းတာမှုများ

ယနေ့ခေတ်တွင်ဝက်ဆိုက်အသုံးပြုသူများ ဝင်ရောက်ကြည့်ရှုမှုနှုန်းကို တိုင်းတာသည့် အရေအတွက်ပြမှုမှာ တစ်မူထူးခြားသည့် အသုံးပြုသူများ (unique user)ဖြစ်သည်၊ ထိုသူများသည် ဝက်ဆိုက်ကို လွန်ခဲ့သည့်တစ်လအတွင်း အနည်းဆုံးဝင်ရောက်ကြည့်ရှုခဲ့ဖူးသူများဖြစ်သည်။ ပြင်သစ်၏ ပထမဦးဆုံး ဝက်ဆိုက်အခုနှစ်ဆယ်တွင် တစ်မူထူးသည့် အသုံးပြုသူများ ၂ သန်းမှ ၁၀ သန်းအထိရှိခဲ့သည်။ တရုတ်ပြည်တွင်လည်း ထိုကဲ့သို့သော အရေအတွက်မျိုးရရှိခဲ့သည်။ ဝင်ရောက်ကြည့်ရှုသည့် အရေအတွက်ကို ဝင်ရောက်ကြည့်ရှုမှု ခွဲခြမ်းစိတ်ဖြာသည့် ဆော့ဝဲဖြင့်လည်း တွက်ချက်နိုင်သည်။

ဒုတိယစံနှုန်းမှာ စာမျက်နှာဝင်ရောက်ကြည့်ရှုမှုဖြစ်သည်။ ထိုအရာသည် တစ်လချင်းစီအတွင်း ဝင်ရောက်မှုအများဆုံး စာမျက်နှာများဖြစ်သည်။ ထိုအရာသည် ဝက်ဆိုက်ကို ဝင်ရောက်ကြည့်ရှုမှုကို ခြေရာခံပြီးနောက် အကြောင်းအရာပိုင်းတွင် မည်သည်က စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ ဤစံနှုန်းသည် သတင်း၏ အကြောင်းအရာပိုင်းဆိုင်ရာ တင်ဆက်မှုအရည်အသွေးနှင့် ထိုအကြောင်းအရာကို အသုံးပြုသူများ မည်မျှစိတ်ဝင်စားမှုရှိသည်ကို ကိုယ်စားပြုဖော်ပြသင့်သော်လည်း ထူးဆန်းသည်မှာ ဝက်ဆိုက်အသုံးပြုသူများ ဝင်ရောက်ကြည့်ရှုစဥ်အတွင်း အသုံးပြုသည့် အချိန်ကို ကြေငြာသူများအသုံးပြုသည့် ဝင်ရောက်ကြည့်ရှုမှုသုံးသပ်သည့်ဆော့ဝဲသည် ဖော်ပြနိုင်ခြင်းမရှိပါ။

နောက်ဆုံးအနေဖြင့်တွေ့ရှိရသည်မှာ သတင်းဝက်ဆိုက်အသစ်များကို ဝင်ရောက်ကြည့်ရှုသည့် နှုန်း အမြင့်ဆုံး အချိန်မှာ မနက်ပိုင်း (၈ နာရီမှ ၁၀ နာရီအတွင်း)နှင့် ညဘက် (၅ နာရီမှ ၇ နာရီအတွင်း) ဖြစ်သည်။