Menu

21.၂၁။ နှစ်ခွမီဒီယာများနှင့်မည်ကဲ့သို့ ဆက်ဆံသင့်သနည်း။

သမရိုးကျမီဒီယာများတွင် ဝက်ဆိုက်ကို အကန့်အသတ်တစ်ခုအနေဖြင့်မြင်ကြပြီး တခါတရံ သစ္စာရှိသည့် စာဖတ်ပရိသတ်ကိုပြောင်းလဲစေသည့် ကပ်ပါးအဖြစ်မြင်ကြသည်များလည်းရှိသည်။ ထိုကဲ့သို့သော ထင်မြင်ချက်များသည် ပြောင်းလဲလာပြီဖြစ်သော်လည်း သင်သည် အင်တာနက်နှင့် ကိုက်ညီလျော်ညီမှုရှိစွာ စိတ်ကူးအကြံဥာဏ်များဖော်ထုတ်ရန်လိုအပ်သေးသည်။

အင်တာနက်၏ အသုံးဝင်မှုများ

သတင်းတစ်ခုကို သင်ရသည့်အချိန်တွင် ရလျှင်ရချင်း အွန်လိုင်းပေါ်တွင် ချက်ချင်းတင်သင့်ပါသလား သို့မဟုတ် သင်၏ သမရိုးကျမီဒီယာအတွက် သိမ်းထားသင့်ပါသလား။ သမရိုးကျ သတင်းခန်းတိုင်းသည် အကြောင်းအရာပေါ်တွင် မူတည်၍ ထိုကဲ့သို့သော အဖြေများစွာဖြစ်နိုင်သည့် ခက်ခဲသည့်အခြေအနေမျိုး ကြုံရလေ့ရှိပါသည်။ အမှန်တကယ်တမ်းတော့ ထိုအကြောင်းကိစ္စကြောင့်သာ သတင်းသမားများသည် ကြားခံနယ်ပေါင်းစုံအကြား အသုံးဝင်သည့် ဆက်နွယ်မှုများကို စစ်မှန်စွာ စဥ်းစားရန်လိုအပ်သည်။ အခြေအနေအားလုံးသည် ဤပတ်ဝန်းကျင်တစ်ခုတည်းတွင် ဝက်ဆိုက်များနှင့် ရုပ်မြင်သံကြားလိုင်းများ၊ ရေဒီယို အသံလွှင့်ဌာနများ သို့မဟုတ် သတင်းစာများအကြား ကွဲပြားခြားနားမှုသည် တဖြည်းဖြည်းပျောက်ဆုံးလာပြီဖြစ်သည်။

သတင်ပိတ်သည့်အချိန်သည် အင်တာနက်ပေါ်တွင်မရှိသောကြောင့် update ပြုလုပ်ခြင်းကို အချိန်အလိုက်ပြုလုပ်ခြင်းဖြင့် ပိုကောင်းသော် သတင်းထုတ်လွှင့်မှုကို ပြုလုပ်နိုင်သည်။ ဤအခြေအနေကို နားလည်သဘောပေါက်ထားရန်လိုအပ်သည် အဘယ်ကြောင့်ဆိုသော် ၎င်းသည် အင်တာနက်နှင့် လူမှုကွန်ယက်များ၏ အင်အားအရှိဆုံးနှလုံးသားဖြစ်သောကြောင့်ဖြစ်သည်။ အမှန်တကယ်တမ်းတော့ ညနက်မှတင်သည့် သတင်းသည် အခြားမီဒီများမနက်တွင် ပိုမိုတင်ဆက်နိုင်ရန်အခွင့်အလမ်းပေးခြင်း ဖြစ်သည်။ အင်တာနက်ေပါ်တွင် နောက်ဆုံးရသတင်းတင်ခြင်းသည် အခြားနေရာများတွင် ထုတ်လွှင့်မှုအပေါ် စိတ်ဝင်စားမှုကို လျော့ချမပစ်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သတင်းတစ်ပုဒ်ကို ဖတ်ရှုသူများပြားလေ၊ မီဒီယာများမှ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုတင်ဆက်လေဖြစ်သည်။

ဝက်ဆိုက်အကြောင်းကို မေ့ထားရန်အတွက် သင်သည် အင်တာနက်ကို သတင်းအကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ tweet တစ်ခုမှစပြီး အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုအထိ အချိန်တိုင်းထိတွေ့ခွင့်ပေးသော သတင်းလမ်းကြောင်းသစ် တစ်ခုအဖြစ် သဘောထားရန်လိုအပ်သည်။

အပြန်ပြန်အလှန်ရွေ့လျားနေသော အကြောင်းအရာ

အလွယ်တကူသယ်ဆောင်ရလွယ်ကူသော မိုဘိုင်းဖုန်းနှင့် တပ်ဘလပ်များကြောင့် အကြောင်းအရာများသည် တူညီသည့် မီဒီယာတစ်ခုတည်းတွင် အပြန်ပြန်အလှန်လှန်ပြန်သွားနေသည်။ မနက်ခင်းတစ်ခုတွင် ရေဒီယိုမှ ကြားခဲ့သော သတင်းတစ်ခုသည် တစ်နေ့တာအတွင်း ပို၍ ပြည့်စုံလာပြီး ထိုအကြောင်းအရာကိုပင် မတူညီသည့်ရှုထောင့်များ ပုံစံများဖြင့်တင်ဆက်လာကြသည်။ ဤသည်မှာ သင်၏ စာဖတ်သူကို သတင်းအရချိတ်ဆက်မှုဖြင့် အကောင်းဆုံးထောက်ပံ့ ဖော်ပြနိုင်သည့်အရာဖြစ်သည်။ ထို့ကြောင့်သတင်းခန်းများသည် အောက်ပါတို့ကို ပြုလုပ်ရန်လိုအပ်သည်။

  • ဘက်ပေါင်းစုံကျွမ်းကျင် သတင်းသမားများနှင့် ထိုကဲ့သို့သော သတင်းများကို အမှန်တကယ် ထုတ်လွှင့်ရန်လိုအပ်သည်။
  • ပုံစံမျိုးစုံဖြင့် ထုတ်လွှင့်ခြင်း။
  • လူမှုမီဒီယာများမှ ရရှိသည့်သတင်းကို သတင်းပုံစံအကောင်းဆုံးတင်ဆက်ခြင်း။

ဥပမာအားဖြင့် ရင်းမြစ်အမြောက်အများဖြင့်ပါဝင်တင်ဆက်စေခြင်းကို သတင်းစာထဲတွင် မှန်ကန်ကြောင်းရှိမရှိကြေငြာခြင်းဖြင့်စနိုင်ပြီး ဒီဂျစ်တယ်ပုံစံများဖြစ်သော ထိတွေ့တုံ့ပြန်နိုင်သည့် မြေပုံများ၊ ထို့နောက် ပို၍အသေးစိတ်သော စုံစမ်းစစ်ဆေးမှုပုံစံဖြင့် သတင်းစာတွင်တင်ဆက်ခြင်းကို ပြုလုပ်နိုင်သည်။

နောက်ဆုံးအနေဖြင့် ပြောင်းပြန်ပြန်လည်ထုတ်ဝေခြင်းသည် သတင်းခန်းတော်တော်များများမှ အရေးပါမှုသိပ်မရှိသတ်မှတ်ထားသော အကြောင်းအရာများကိုပင် ဝက်ဆိုက်မှသတင်းများကို ပုံနှိပ်အတွက် ပြန်လည်ကူးယူထုတ်ဝေခဲ့ခြင်းသိပ်မရှိချေ။ ရုပ်သံသတင်းများကဲ့သို့ပင် ထိုအရာသည် လုံလောက်သည့် တီထွင်ဆန်းသစ်မှု မရှိသေးချေ။