Menu

22.၂၂။ သင်၏ လူမှုကွန်ယက်ပေါ်တွင် တည်ရှိမှုကို တည်ဆောက်ခြင်း။

ဝက်ဆိုက်အသုံးပြုသူများ၏ အချိန်သည် လူမှုကွန်ယက်များပေါ်တွင် အများဆုံးအသုံးချလေ့ရှိသောကြောင့် သတင်းဝက်ဆိုက်များသည် လူမှုကွန်ယက်ကို မစဥ်းစားဘဲနေ၍မရချေ။ ဒါဆိုရင် သင်ရဲ့ဝက်ဆိုက်ကို လူမှုကွန်ယက်ပေါ်တွင် မည်သို့ပုံဖော်တည်ဆောက်သင့်သနည်း။ သင့်အနေဖြင့်ညှိနှိုင်းမှုပေးသင့်ပါသလား။ သတင်းပိုင်းဆိုင်ရာမျဥ်းတစ်ကြောင်းဆွဲထားသင့်ပါသလား။

မည်သည့်ကွန်ယက်တွေလဲ။

အကယ်၍သင်သည် လူမှုကွန်ယက်ပေါ်တွင် တည်ရှိမှုကိုရှိသင့်သလားဟု စဥ်းစားနေပါက သင့်ထံတွင် အဖြေရှိပြီးဖြစ်သည်။ ယနေ့ခေတ်အချိန်တွင် သတင်းမီဒီယာတစ်ခုသည် Facebook သို့မဟုတ် Twitter ပေါ်တွင်မရှိဘဲ နေရန်မဖြစ်နိုင်ပါ။ ထိုနေရာသည် သင်၏ ပရိတ်သတ်နှင့်တွေ့ရှိသည့်နေရာဖြစ်သည်။ ပိုကောင်းသည်မှာ ထိုနေရာသည် ဝက်ဆိုက်အသုံးပြုသူများနှင့် နီးကပ်စွာထိတွေ့နိုင်သည့် နေရာလည်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် Rockvillecenteral.com သည် Facebook သို့လုံးဝပြောင်းရွှေ့ရန် ကြိုးစားခဲ့သည့် မီဒီယာဖြစ်သည် အဘယ်ကြောင့်ဆိုသော် ၎င်း၏ ပရိသတ်အများစုသည် ထိုဝက်ဆိုက်မှလာ သောကြောင့်ဖြစ်သည်။ အဆင်မပြေမှု။ ။ သင်ထုတ်လုပ်သည့် အကြောင်းအရာများအားလုံးကို သင့်အနေဖြင့် ထိန်းချုပ်နိုင်ခြင်းမရှိတော့ပါ၊ အဘယ်ကြောင့်ဆိုသော် (စာ၊ရုပ်ပုံ၊ရုပ်သံနှင့် ဓာတ်ပုံများ) အားလုံးကို Facebook မှပိုင်ဆိုင်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သတင်းစာများသည် အချိန်ကို နောက်ပြန်ဆွဲကြသည် အဘယ်ကြောင့်ဆိုသော် ထိုနည်းသည် ကောင်းမွန်သည့် စီးပွါးရေးပုံစံ တစ်ခုမဟုတ် သောကြောင့်ဖြစ်သည်။

အနည်းဆုံးအနေဖြင့် မီဒီယာတစ်ခုသည်အောက်ပါတို့ကို ပြုလုပ်သင့်သည်။

  • တရားဝင် Facebook စာမျက်နှာတစ်ခု သို့မဟုတ် Twitter အကောင့်တစ်ခုရှိသင့်သည်။
  • သင့်လျော်မှုရှိသောအကြောင်းအရာကို ၎င်း၏စာမျက်နှာပေါ်တွင် တင်ခြင်း။
  • ၎င်းအကြောင်းအရာ၏ အစိတ်အပိုင်းကြီးများကို အွန်လိုင်းပေါ်တွင်တင်ခြင်း။

ကွန်ယက်များပေါ်တွင်လည်း သတင်းအကြောင်းအရာများကို ပုံမှန်တင်ပေးခြင်းသည် အဓိကကျသည် (အလွန်အကျွံမဖြစ်စေရန်တော့ ဂရုစိုက်ရမည်) သင်သည် ဝက်ဆိုက်အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ နေရာကိုလည်းဂရုပြုရမည်ဖြစ်သောကြောင့် သက်ရောက်မှုကို တစ်သတ်မှတ်တည်း သဘောမထားသင့်ချေ။ ပရိသတ်များသည် သင့်ကို “follow” လုပ်ခြင်းသို့မဟုတ် “friend” လုပ်ခြင်းကိုပြုလုပ်နိုင်သည့်အပြင် defriend လုပ်ခြင်း သို့မဟုတ် unfollow လုပ်ခြင်းကိုလည်းပြုလုပ်နိုင်သည်။

သတင်းပိုင်းဆိုင်ရာမျဥ်းကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

ထိုသို့ပြုလုပ်ရန် အချိန်ကာလတစ်ခုအထိလစ်လျူရှုခဲ့ပြီးနောက် ယနေ့ခေတ်မီဒီယာအများစုသည် စည်းမျဥ်းများ၊ လမ်းညွှန်များ သို့မဟုတ် AFP ကရေးထားသည့် လက်စွဲများကဲ့သို့ရေးသားလာကြသည်။ အချို့သည် သတင်းသမားများကိုယ်တိုင် tweet လုပ်ခြင်းကိုတားမြစ်ထားပြီး အချို့သည် ထိုအရာများကို လုံးဝယုံကြည်မှုမထားရန် သို့မဟုတ် ခြားနားမှုတစ်ခုကို သတ်မှတ်ထားရန် အကြံပေးကြသည်။ “ကျွနု်ပ်သည်သာ ကျွန်ုပ်၏ tweet အတွက် တာဝန်ရှိသည်” ဟူသည့် ဆောင်ပုဒ်သည်လည်း ရှိပါသည်။ မည်သို့ပင်ဆိုစေဤသို့သိရှိထားမှုကြောင့် လူမှုကွန်ယက်များပေါ်ရှိ သတင်းမီဒီယာများအသိအမှတ်ပြုနိုင်ခွင့် ရနိုင်လာစေရန် ဆွေးနွေးလာကြပြီဖြစ်သည်။ ဤသည်မှာလည်း သတင်းကောင်းဖြစ်သည်။

ညှိနှိုင်းမှု

သင်၏ ဝက်ဆိုက်ပေါ်တွင်ရေးသားထားသော ထင်မြင်ချက်များနှင့် မတူဘဲ လူမှုကွန်ယက်များအပေါ်တွင် ရေးသားထားသော ထင်မြင်ချက်များအတွက် အယ်ဒီတာသည် တာဝန်မရှိပါ။ ဥပဒေအရ လူမှုကွန်ယက်များသည် ဖုန်းအားသွင်းကြိုးကို တရားခွင်သို့သက်သေအဖြစ် ယူဆောင်မသွားနိုင်သကဲ့သို့ဖြစ်သည်။ သို့သော်လည်း ပြင်သစ်၏ ဥပဒေအရ အယ်ဒီတာကိုယ်တိုင် ပါဝင်ထားခြင်းရှိပါက ထိုသူ၏ တာဝန်ဖြစ်သည်။ ဥပမာအားဖြင့် သူသည် ဥပဒေနှင့် မညီသော ထင်မြင်ချက်ကို တုံ့ပြန်ဖြေကြားထားခြင်းဖြစ်သည်။

အကောင်ဆုံးအကာအကွယ်မှာ လူမှုကွန်ယက်ပေါ်ရှိ ထိုကဲ့သို့သော ထင်မြင်ချက်များကို ညှိနှိုင်းမှုမလုပ်ရန်ဖြစ်သည်။ သို့သော်လည်း စာဖတ်သူ၏ မေးခွန်းများ သို့မဟုတ် ထင်မြင်ယူဆချက်များကို တုံ့ပြန်ဖြေကြားပေးရန်လိုအပ်သည်။ ဤသည်မှာ သတင်းမီဒီယာနှင့် ပရိတ်သတ်အကြား စိတ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုကို ပြုလုပ်ပေးသည့် လူမှုကွန်ယက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

စီးဆင်းမှုများကို စီမံခန့်ခွဲခြင်း

စံအနေဖြင့် လူမှုကွန်ယက်ပေါ်တွင်တင်သည့် မည်သည့်အကြောင်းအရာမဆိုကို ကိုယ်တိုင်ပြုလုပ်သင့်ပြီး ကိုယ့်အခြေအနေကို ကိုယ်စားပြုထင်ဟပ်နိုင်ရမည်။ လက်တွေ့တွင် ထိုအရာကို ပြုလုပ်ရန်အချိန်မရှိခြင်း၊ စိတ်ကူးမရှိခြင်း၊ မည်သို့ပြုလုပ်ရမည်ကိုမသိခြင်းတို့ကြောင့် အမြဲတမ်းပြုလုပ်ရန်မဖြစ်နိုင်ပါ။ အချို့သောဆောင်းပါးများကို အလိုအလျောက်တင်ခြင်းပြုလုပ်နိုင်သည်။ မည်သို့ပင်ဆိုစေ ထိုနေရာများကိုလည်း မျက်စိဒေါက်ထောက်ကြည့်ရှုနေပြီး ဝက်ဆိုက်ပေါ်တွင် လူသိများစေရန်အတွက် လူမှုကွန်ယက်ပေါ်တွင်လည်း ချိန်ညှိရန်လိုအပ်သည်။