Menu

23.၂၃။ ကိုယ်ပိုင်အမည်တစ်ခုတည်ဆောက်ခြင်း။

သီအိုရီအားဖြင့် ကိုယ်ပိုင်အမည်တစ်ခုတည်ဆောက်ရန်အတွက် အထူသဖြင့် အင်တာနက်ပေါ်တွင် အမည်တစ်ခု တည်ဆောက်ခြင်းအတွက် အခြေခံစျေးကွက်တည်ဆောက်ခြင်း စည်းမျဥ်းများအပြင် မည်သည့် စည်းမျဥ်းမျှ မရှိပါ။ သင်သည် စျေးကွက်ချဲ့ထွင်ခြင်းတွင် ကျွမ်းကျင်သူမဟုတ်သော သတင်းသမားတစ်ဦး ဖြစ်သောကြောင့် အထူးသဖြင့် လူမှုကွန်ယက်များပေါ်တွင်လိုက်နာသင့်သည့် စည်းမျဥ်းအချို့ရှိသည်။

ပုဂ္ဂလသို့မဟုတ် အလုပ်နှင့်ဆက်နွှယ်မှုရှိသော အမည်တစ်ခုတည်ဆောက်ခြင်း

မည်သည့်အရာကမျှ သင်၏ကိုယ်ပိုင်အကောင့်တစ်ခုဖွင့်ခြင်းကို တားမြစ်မထားသော်လည်း သင်သည် သတင်းသမားတစ်ဦးဖြစ်သောကြောင့် လူမှုကွန်ယက်များ သင့်အလုပ်နှင့်ဆက်နွှယ်မှုရှိသည့်အခါ ထည့်သွင်းစဥ်းစားသင့်သည်များရှိသည်။ (ဤသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုသော message များမပါဝင်ပါ) အောက်ပါတို့သည် လူမှုကွန်ယက်များပေါ်တွင် သင်မည်ကဲ့သို့ပြုမူသင့်ကြောင်း ဖော်ပြသည့် စည်းမျဥ်းအချို့ဖြစ်သည်။

  • သင်၏ထူးခြားမှုကို ဖော်ထုတ်ပါ၊ ထိုအရာသည် သင့်ကို သတင်းသမားတစ်ယောက်အဖြစ် စိတ်ဝင်စားစေသည့် အရာဖြစ်သည်။
  • သင်ရှိရမည့်နေရာများတွင် သင်ကိုအများသတိပြုမိအောင်လုပ်ပါ။
  • ကိုယ်တွေ့အခြေအနေများနှင့် ပိုမိုချိတ်ဆက်ပါ၊ သတင်းဆောင်းပါးများ ရေးသည့်အချိန်ထက်ပို၍ သက်တောင့်သက်သာရှိအောင် ရေးပါ။
  • မျှတပါ၊ ပွင့်လင်းမြင်သာမှုရှိပါ။
  • မည်သည့်အချိန်တွင် သင်မသိကြောင်းပြောပြ ဝန်ခံရန်လိုအပ်ကြောင်းသိပါ။
  • သင်အမှားပြုလုပ်မိပါက ဝန်ခံပါ။
  • သတင်းအချက်အလက်ရှာဖွေသည့်အချိန်တွင် သင်၏ အဝန်းအဝိုင်းကို မေးရန် နောက်မတွန့်ပါနှင့်။
  • အခြားသတင်းသမားများပြုလုပ်သည့်အရာအတွက် ကျေးဇူးတင်ရန်/မီးမောင်းထိုးပြရန်/ ထောက်ခံအားပေးရန် မမေ့ပါနှင့်။

ထို့ကြောင့် သတင်းသမားတစ်ဦးအနေဖြင့် ကိုယ်ပိုင်အမည်တစ်ခုတည်ဆောက်ခြင်းသည် သတင်းမဖြစ်မီကြိုတင်ပြင်ဆင်မှုများ (သတင်းစောင့်ကြည့်လေ့လာခြင်း၊ တိုက်ရိုက် သတင်းအချက်အလက်များနှင့် ရင်းမြစ်များကို အချက်ပြခြင်း)နှင့် သတင်းတင်ဆက်ပြီးအချိန် (သင်၏ အလုပ်ကို လူအများသိအောင်ပြုလုပ်ခြင်း) နှစ်ခုလုံးတွင်ပါဝင်သည်။ တစ်ခုသည် တစ်ခုမပါဘဲ မပြီးချေ၊ သင်သည် သင်၏ ရပ်ရွာအဝန်းအဝိုင်းအတွက် မည်ကဲ့သို့အသုံးတည့်အောင်နေရမည်ကို သိရှိပါက အသုံးပြုသူများ၏ အားပေးမှုနှင့် ကျေးဇူးတင်မှုကို ရရှိမည်ဖြစ်သည်။ အင်တာနက်သည် ကြီးမြတ်သော အတွေးအခေါ်များဝေမျှရာနေရာဖြစ်လာသောကြောင့် ပထမဖြစ်သည်ကို မမေ့ပါနှင့်။

သင်၏ ရပ်ရွာအဝန်းအဝိုင်းတွင် သင်၏ အလုပ်ကို သိရှိအောင်ပြုလုပ်ခြင်း။

လူမှုကွန်ယက်များသည် သင်ကိုယ်သင်ဖော်ပြရန်အတွက် ပြုလုပ်ထားခြင်းကြောင့် သင်၏ အလုပ်အကြောင်းကိုလည်းပြောပြရန်အတွက် အသုံးဝင်ပါသည်။ သတင်းရေးသားရာတွင် ဤသတင်းဖြစ်လာရန်အတွက် မည်ကဲ့သို့ပြုလုပ်ခဲ့ရသည်ကိုလည်း ဖော်ပြလာကြသည်၊ သတင်းသမားမည်ကဲ့သို့ အလုပ်လုပ်သနည်း၊ သူမည်သည့်နေရာများသို့သွားသနည်း၊ သူသည် သတင်းစုံစမ်း တင်ဆက်မှုကို မည်သို့ပြုလုပ်သနည်း။ဤအကြောင်းအရာအားလုံးသည် ဝက်ဆိုက်အသုံးပြုသူများအားလုံး သတင်းသမား မည်ကဲ့သို့ သတင်းရယူခဲ့သည့်အကြောင်းပို၍နားလည်လာစေသည်။

ဆိုကျပါစို့ သင်သည် အသရေဖျက်မှုနှင့် တရားစွဲခံရပါက (ဘယ်သူ့ကို အသရေဖျက်တာလဲ)၊ ထိုအရာ သို့မဟုတ် သင်၏မေးခွန်းကို ဖြေဆိုရန်ငြင်းသူဘယ်သူလဲသည် စာဖတ်သူများ စိတ်ဝင်စားသည့် အကြောင်းအရာဖြစ်သည်။

သင်၏အလုပ်ကို အများသိအောင်ပြုလုပ်ခြင်းသည် ပုံမှန်ပြုလုပ်နေကျဖြစ်သည်။ သတင်းသမားများသည် သူတို့၏ သတင်းဆောင်းပါးများကို လူအများသိအောင်ပြုလုပ်ရန်အတွက် သူတို့ ပင်ကိုယ်ပုံစံအရနှင့် မီဒီယာပုံစံအရ အင်တာနက်ကို စောင့်မနေပါ။ စာစောင်တစ်ခုသည် New York Review of Books ကဲ့သို့ စာဖတ်သူကို ရောင်းနိုင်လိမ့်မည်တော့မဟုတ်ချေ။

သတင်းသမားများ လူမှုကွန်ယက်ကိုမည်ကဲ့သို့ အသုံးပြုသင့်ကြောင်း ရေးသားဖော်ပြထားသည့် စာရင်းရှိသင့်ပါသလား။

ထိုမေးခွန်းကို ယနေ့ခေတ်တွင် လူတိုင်းမေးလာကြသည်၊ အထူးသဖြင့် မီဒီယာကြီးများသည် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး သဘောတူညီချက်များပြုလုပ်လာကြသည်။ (၂၂ တွင်ကြည့်ပါ) ထိုနေရာတွင်လည်း မီဒီယာတစ်ခုချင်းစီကလည်း လူမှုကွန်ယက်ပေါ်တွင် တည်ရှိမှုကို အဓိပ္ပါယ်ဖွင့်ကြသည်။ သင်၏ မီဒီယာအဖွဲ့အစည်းအပေါ်သစ္စာရှိပြီး စည်းမျဥ်းများကို လိုက်နာခြင်းသည် ယုတ္တိကျပါသည်။ မည်သို့ပင်ဆိုစေ သတင်းသမားများ ၎င်းတို့၏ မီဒီယာအဖွဲ့အစည်းမှ “တရားဝင်” သတင်းများတင်ဆက်ခြင်းမှလွဲ၍ အခြားသတင်းများမတင်ဆက်ရန် တားမြစ်မထားချေ။