Menu

24.၂၄။ အင်တာနက်ဝေါဟာရများ။

အင်တာနက်ပေါ်တွင် အသုံးပြုသည့် စကားလုံးများစွာရှိသည်။ အချို့စကားလုံးများသည် အချိန်အတိုင်းအတာ အတိုလေးတစ်ခုအတွင်းသာတည်ရှိကြသည်။ အချို့သည် အချိန်အတော်ကြာ တည်ရှိနေသည်။ အောက်ပါတို့သည် အကြောင်းအရာပေါ်တွင်ရွေးချယ်ထားခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာ တည်ရှိနေမည်ဟုမျှော်လင့်ရပါသည်။

IP လိပ်စာ (အင်တာနက် ချိတ်ဆက်မှု) သည်ကွန်ပြူတာတစ်လုံးချင်းစီအတွက် HTTP (Hypertext transfer protocol) အင်တာနက်ချိတ်ဆက်မှုအတွက် အထူးပြုလုပ်ထားသည့်နံပတ်ဖြစ်သည်။ သို့မဟုတ် ထိုအရာသည် သင်အသုံးပြုသည့်အရာ (သင့်ဝက်ဘရောက်ဇာ)နှင့် ဆာဗာ (ဝက်ဆိုက်စာမျက်နှာများကို စီမံခန့်ခွဲသိမ်းဆည်းသည့် ဝန်ဆောင်မှု) အကြားဆက်သွယ်ချိတ်ဆက်ပေးမှုဖြစ်သည်။

CMS (content management system) သည် content များ၊ ပါဝင်ထည့်သွင်းပေးသူများ၊ ဒစ်ဂျစ်တယ် အပလီကေးရှင်းများကို စီမံခန့်ခွဲသည့် web ပေါ်တွင်အခြေခံသော ဆော့ဝဲများဖြစ်သည်။

အချက်အလက်အခြေပြုသတင်းစာပညာ သည် အခြေခံယူဆချက်တစ်ခုကို အချက်အလက်များအခြေခံ၍ ဖြစ်ရပ်တစ်ခုကို ဖော်ပြပြီး ရလဒ်ေဖာ်ထုတ်သည့် သတင်းစာပညာဖြစ်သည်။

အချက်အလက်စစ်ဆေးခြင်းသည် the States (နှင့် New York Times) မှရယူထားသည့်အရာဖြစ်သည်။ သတင်းသမားယူဆောင်လာသည့် (အချက်အလက်၊ ပြောစကားများ၊ အချိန်များ၊ နေရာများ စသည်ဖြင့်) သတင်းအချက်အလက်များကို မှန်ကန်မှုရှိမရှိစစ်ဆေးခြင်းဖြစ်သည်။ ဤစနစ်ကို ချဲ့ထွင်ခြင်းဖြင့် စာဖတ်သူများကိုလည်း ပါဝင်စစ်ဆေးပေးရန်တောင်းဆိုနိုင်ပြီး နိုင်ငံရေးသမားများ၏ မိန့်ခွန်းများ၊ အခြား သတင်းပြုလုပ်ဖန်တီးနေသူများကပြောသည့် စကားများသည် မှန်ကန်မှုရှိမရှိလည်း စစ်ဆေးနိုင်သည်။

အင်တာနက်ရောင်းချသူ သည် အင်တာနက်ရရှိနိုင်အောင်ပြုလုပ်ပေးသည့် ကုမ္ပဏီဖြစ်သည်။ အင်တာနက်ရောင်းချသူများသည် telecommunications ကိုအထူးပြုသည့် ကုမ္ပဏီများဖြစ်သည်။

အင်တာနက် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင် ပေါ်ထွက်လာပြီး “internetting” ဟူသည့် စကားလုံးမှဆင်းသက်လာသည်။ အင်တာနက်သည် ကွန်ယက်များ၏ ကွန်ယက်ဖြစ်သည်၊ World Wide Web သည် ဤကဲ့သို့ ဒစ်ဂျစ်တယ်နည်းဖြင့်ကွန်ယက်များ ကူးပြောင်းဖော်ပြသည့် ကွန်ယက်များထဲမှ တစ်ခုဖြစ်သည်။

တုိက်ရိုက်ဘလော့ရေးသားခြင်း (LB) သို့မဟုတ် တိုက်ရိုက် tweet လုပ်ခြင်း (LT) သည် ဝက်ဆိုက်သတင်းတစ်ခု (LB) သို့မဟုတ် Twitter (LT) တွင်ဖြစ်ရပ်တစ်ခုကို တိုက်ရိုက်သတင်းတင်ဆက်ခြင်း ဖြစ်သည်။

Network Neutrality သည် ၂၀၀၃ ခုနှစ်တွင် Tim Wu မှ အသုံးပြုခဲ့သော စကားလုံးဖြစ်သည်။ Net Neutrality သည် ရင်းမြစ်တစ်ခု၊ ၎င်း၏ ဦးတည်ရာနှင့် ဝက်ဆိုက်ပေါ်တွင် လည်ပတ်တည်ရှိနေသော သတင်းအချက်အလက်များအပေါ်တွင် မည်သည့်ခွဲခြားမှုများမှမရှိစေရန် ကာကွယ်ပေးသည့် အခြေခံ စည်းမျဥ်းဖြစ်သည်။

Open Data သည် အုပ်ချုပ်သူများနှင့် ဒေသခံအာဏာပိုင်များမှ ထိန်းချုပ်ထားသော အများပြည်သူနှင့် ဆိုင်သည့် သတင်းအချက်အလက်များကို မည်သူမဆိုရယူနိုင်အောင်ပြုလုပ်ပေးသင့်သည်ဟူသည့် အတွေးအခေါ်ပိုင်းဆိုင်ရာလှုပ်ရှားဖြစ်ပြီး အများပြည်သူဝန်ဆောင်မှုနှင့် သက်ဆိုင်သော အချက်အလက်များအားလုံးသည် web အသုံးပြုသူများအားလုံး ရယူနိုင်အောင်ပြုလုပ်ပေးခြင်းဖြစ်သည်။

Pure player သည် မည်သည့်သမရိုးကျ သတင်းမီဒီယာများနှင့် ချိတ်ဆက်မှုမရှိသည့် ဝက်ဆိုက်များဖြစ်သည်။ Pure player အများစုသည် သတင်းသမားများနှင့် ၎င်း၏ ပရိသတ်အကြား နီးကပ်မှုကို အခြေခံတည်ဆောက်ထားခြင်းဖြစ်ပြီး အများပါဝင်တင်ဆက်သည့် သတင်းစာပညာဖြစ်သည်။

SEO (search engine optimization) သည် ရှာဖွေရေးအင်ဂျင်များမှရလဒ်များဖော်ပြရာတွင် တိုးတက်လာစေရန်အတွက် ကူညီပေးသော သတင်းပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ အဆင့်များဖြစ်သည်။

Tags သို့မဟုတ် hashtags များသည် ဆောင်းပါးများကို အမျိုးအစားခွဲခြားသတ်မှတ်ပေးသော စကားစုများဖြစ်သည်၊ ထိုသို့ပြုလုပ်ခြင်းဖြင့် အဓိပ္ပါယ်တူညီသည့် စကားလုံးများကို ရှာဖွေရပိုမို လွယ်ကူစေသည်။ Hashtag ကို # ဖြင့်ဖော်ပြနိုင်ပြီး ထိုအရာကို Twitter တွင်လည်းအသုံးပြုနိုင်သည်။