Menu

03.၃။ လူမှုကွန်ယက်များကို အသုံးပြုခြင်း။

လူမှုကွန်ယက်များသည် သတင်းသမားများအတွက် အလွန်အသုံးဝင်သည်။ ၎င်းတို့သည် ရုတ်တရက် ဖြစ်ပေါ်လာသော သတင်းများကို သိရှိစေနိုင်သည်၊ အချက်အလက်ကို တိုက်ဆိုင်စစ်ဆေးနိုင်သည်၊ သတင်းအချက်အလက်အတွက်လည်း အများပြည်သူထံမှ တောင်းဆိုခွင့်ပေးသည်။ သင့်၏ အမှန်တကယ် လူမှုကွန်ယက်ပေါ်တွင် တည်ရှိနေမှုသည် ဤသည်ပင်ဖြစ်သည်။

မှန်ကန်သည့်ရင်းမြစ်ထံမှ သတင်းရယူခြင်း

မည်သည့်မီဒီယာအမျိုးအစားတွင်မဆို ဝက်ဆိုက်များပေါ်ရှိ ရင်းမြစ်များတွင်လည်း မတူညီသည့် ယုံကြည်စိတ်ချရနိုင်မှုရှိသည်။ ထိုယုံကြည်စိတ်ချရမှုကို စစ်ဆေးရန်အတွက် သတင်းသမား၏ ကျွမ်းကျင်မှုသည် လိုအပ်သော်လည်း မလုံလောက်ချေ။ (Facebook, Twitter စသည့်) ကွန်ယက်များတွင် လေ့ကျင့်ရန်လိုအပ်သည်။ သင့်အနေဖြင့် အကောင့်နှစ်ခု ဖွင့်ထားပြီး တစ်ခုကို ကြားခံနယ်တစ်ခုအနေဖြင့် တစ်ခုကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုနိုင်သည်။ ကိုယ်ရေးကိုယ်တာအသုံးပြုမှုနှင့် စာဖတ်ပရိတ်သတ်အကြားဆက်နွှယ်မှုသည် အများပါဝင် သတင်းပြုလုပ်ခြင်းအတွက် ကြီးမားသည့် သက်ရောက်မှုဖြစ်စေသည်။ သင့်အနေဖြင့် ထိုကွန်ယက်များတွင် ပိုမိုလေ့လာပါက သင့်လျော်ပြီး ယုံကြည်နိုင်လောက်သော ရင်းမြစ်များကိုတွေ့ရှိလေဖြစ်သည်။ ထိုသူများသည် သင်စိတ်ဝင်စားသည့် အကြောင်းအရာနှင့် ပတ်သက်သည်များကို အမြဲစောင့်ကြည့်နေသင့်သော ရင်းမြစ်များဖြစ်လာသည်။

အကောင့်များကို စစ်ဆေးခြင်း

သတင်းတုများကို သတိပြုပါ။ ကြီးကြီးမားမားတစ်ခုခုဖြစ်တိုင်း လှည့်စားလိုသူများသည် အကောင့်အတုများ ဖန်တီးပြီး သတင်းတုများကို ထုတ်လွှင့်တတ်ကြသည်။ ထိုအခြေနေများသည် စိတ်ရူးပေါက်သူတစ်ဦး လူအများကို သတ်လိုက်သည့်အခြေအနေတွင် ဖြစ်လေ့ရှိသည်။ အသုံးပြုသူနှင့် အကောင့်ကို တိုက်ဆိုင် စစ်ဆေးပေးသည့် software များကိုလည်း Facebook နှင့် Twitter နှစ်ခုလုံးအတွက်ရယူနိုင်သည်။

အကြောင်းအရာတစ်ခုမှန်ကန်မှုရှိမရှိ စစ်ဆေးနိုင်သည့် အခြားနည်းလမ်းတစ်ခုမှာ စာဖတ်သူ၏ အကူအညီကို တောင်းခြင်းဖြစ်သည်။ ဥပမာအားဖြင့် အိုစမာဘင်လာဒင် သေဆုံးသွားပြီး ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာသော ဓာတ်ပုံများသည် အမှန်တကယ်သေဆုံးသည် မဟုတ်သည့်ပုံများဖြစ်နေသည်။ သင်၏ အဝန်းအဝိုင်းကြီးသည်နှင့်အမျှ ကောလဟာလများနှင့် သတင်းတုများ ပြန့်နှံ့နေမှု ခြေရာခံစစ်ဆေးနိုင်လေဖြစ်သည်။

မှန်ကန်ကြောင်းသက်သေထူချက်များကို တောင်းဆိုခြင်း

ယေဘုယျ စိတ်ဝင်စားမှုရှိသည့် အကြောင်းအရာများနှင့် မှန်ကန်ကြောင်းသက်သေထူချက်များကို တောင်းဆိုခြင်းသည် လူမှုကွန်ယက်များကို အသုံးပြုနိုင်သည့် အခြားနည်းလမ်းတစ်ခုဖြစ်သည်။ သင့်အနေဖြင့် လူမှုရေးနှင့်ပတ်သက်သောအကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး လူအများ၏ အမြင်ကို သင်လိုသည်ဟုဆိုကြပါစို့။ “သေဒဏ်ပေးမှုကိုသင်ဆန့်ကျင်ပါသလား” ဟူသည့် အပိတ်မေးခွန်းမျိုး မေးမည့်အစား “သေဒဏ်ပေးမှုကို သင်ဘယ်လိုမြင်ပါသလဲ” ဟူသည့် အဖွင့်မေးခွန်းမျိုးမေးသင့်သည်။ ထိုအဖွင့်မေးခွန်းများမှ စိတ်ဝင်စားစရာအကြောင်းများကို မီးမောင်းထိုးပြပြီး သင့်သတင်းဆောင်းပါး အတွက်အသုံးပြုနိုင်သည်။ ထို့အပြင် ထိုကဲ့သို့ သက်သေထူများကို ကြားနေနားထောင်ပေးရန်မမေ့ပါနှင့်၊ သင်မလိုချင်သည့် ထင်မြင်ယူဆချက်များကိုလည်း သင်ရရှိနိုင်ပေသည်။

ပို၍ခိုင်မာမှုရှိစေရန်အတွက် သက်သေထူချက်များကို သင်၏ ကိုယ်ရေးကိုယ်တာအကောင့်တစ်ခုမှ ထုတ်လွှင့်မည့်အစား အများပါဝင်သည့် အကောင့်တစ်ခုမှပြုလုပ်သင့်သည်။ သို့သော်လည်း သင်သည် သင်တင်ဆက်လိုသော အကြောင်းအရာအပေါ်တွင် အထူးကျွမ်းကျင်သူအဖြစ်သတ်မှတ်ထားပါက သင်၏ စာဖတ်ပရိသတ်သည် ဖြေဆိုရန်အကောင်းဆုံးသူများဖြစ်သည်။ ဤအခြေအနေမျိုးတွင် သင်၏ ကိုယ်ပိုင် အကောင့်ကို အသုံးပြုပါ။