Menu

04.၄။ ဝက်ဆိုက်အတွက် သတင်းရေးသားခြင်း။

ဝက်ဆိုက်အတွက် သတင်းရေးသားခြင်းသည် ကွန်ယက်များအတွင်း မတူညီသည့် နည်းလမ်းများသာ ထည့်သွင်းခြင်းမဟုတ်ပါ။ မည်သည့်နည်းလမ်းကိုမဆိုထည့်သွင်းအသုံးပြုသည်ဖြစ်စေ စာဖတ်သူအတွက် သတင်းအချက်အလက်ဆိုင်ရာ တန်ဖိုးများပေါင်းထည့်နိုင်ရမည်။ ဤတန်ဖိုးမပါဝင်ပါက နည်းလမ်းသည် အလကားပင် ဖြစ်သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခု

အင်တာနက်ပေါ်တွင် ထုတ်ဝေသည့် သတင်းဆောင်းပါးသည် ပို၍တိုသည်။ စာဖြစ်စေ၊ အသံ သို့မဟုတ် ရုပ်သံဖြစ်စေ ၎င်းသည်တိုရမည်။ အဘယ်ကြောင့်ဆိုသော် စာဖတ်သူ၏ ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် အာရုံစိုက်နိုင်မှုသည် အလွန်ပင် အစီစဥ်တကျမရှိလှသောကြောင့်ဖြစ်သည်။ ထို့ကြောင့် စာလုံးရေ ၆၀၀၀ ထက်မပိုဘဲ၊ တစ်မိနစ်စာ အသံထုတ်လွှင့်မှု သို့မဟုတ် သုံးမိနစ်စာရုပ်သံကိုသာ အသုံးပြုသင့်သည်။ ထိုထက်ကျော်လွန်ပါက သင်သည် ထိုအကြောင်းအရာကို ပြောပြရန်အတွက် အလွန်ဆွဲဆောင်မှုရှိသော နည်းလမ်းဖြင့်ပြောရမည်။ ထို့အပြင် ထိုထက်ကျော်လွန်နေပါက ဝက်ဆိုက်ပေါ်ရှိစာဖတ်သူများသည် သင်၏ ဆောင်းပါးကို ပြီးဆုံးအောင်ဖတ်မည်မဟုတ်ပါ။

ထို့ကြောင့် သင့်အနေဖြင့် သတင်းပေါက်ရန်နှင့် စာဖတ်သူ၏ အာရုံစိုက်မှုကို ရရန်အတွက် ပိုမိုရှင်းလင်း ပြတ်သားပြီး အချက်အလက်စုံအောင်ရေးရန်လိုအပ်သည်။ ၎င်းသည် စာသားများတွင်လည်း (အတွင်းနှင့် အပြင် ချိတ်ဆက်မှုများ) မတူညီသည့် ကြားခံနယ်ပေါင်းစုံကို (ကြားခံနယ်အရောအနှော) နှင့် အင်တာနက် ေပါ်တွင်ဝင်ရောက်ကြည့်ရှုသည့် အကန့်အသတ်များကို ညှိယူနိုင်မှုများ ထည့်သွင်းနိုင်သည်။

ဓာတ်ပုံ၊ အသံ သို့မဟုတ် ရုပ်သံ ဘာကိုအသုံးပြုသင့်သလဲ။

အွန်လိုင်းပေါ်တွင် အလုပ်လုပ်ပါက သင့်ကိုယ်သင် မေးခွန်းတစ်ခုအမြဲမေးသင့်သည် မည်သည့်ကြားခံနယ်သည် ကျွနု်ပ်ပြောလိုသည့် အကြောင်းအရာအတွက် အသင့်လျော်ဆုံးဖြစ်သနည်း။ ခြုံကြည့်လျှင်

  • စာဖြင့်ရေးသားခြင်းသည် လူအများအသုံးပြုဆုံးနှင့် အလွယ်ကူဆုံးကြားခံနယ်ဖြစ်သည်။
  • အသံကို သတင်းတင်ဆက်ခြင်း၊ ရုပ်ပုံဖေါ်ခြင်းနှင့် တွေ့ဆုံမေးမြန်မှုများအတွက် အသုံးပြုလေ့ရှိသည်။
  • ပုံရိပ်များ (ရုပ်သံ သို့မဟုတ် ဓာတ်ပုံများ) ကို ဆန္ဒပြမှုများ၊ ကြီးကြီးမားမားဖြစ်ရပ်သတင်းများ၊ လှုပ်ရှားမှုဆိုင်ရာအခြေအနေများ စသည့် စုစည်းဖော်ပြလေ့ရှိသော အကြောင်းအရာများတွင် အသုံးပြုလေ့ရှိသည်။

မည်သည့်ကြားခံနယ်ကို သင်အသုံးပြုလိုသည်ကို ဆုံးဖြတ်ပြီးပါက ပညာရပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို သင်ဖြည့်စွမ်းနိုင်ရန်အတွက် လေ့လာသုံးသပ်ရန်ဖြစ်သည်။ ထို့ကြောင့် ဝက်ဆိုက်ပေါ်တွင် သတင်းတင်ဆက် သည့် သတင်းခန်းများသည်အသံဖမ်းခြင်း၊ ရုပ်သံရိုက်ကူးခြင်းနှင့် ဓာတ်ပုံရိုက်ကူးများ ပြုလုပ်နိုင်ပြီးမှသာ အွန်လိုင်းပေါ်သို့တင်နိုင်မည်ဖြစ်သည်။ ယနေ့ခေတ်တွင် အသုံးပြုရန်နည်းလမ်းများသည် ပိုမိုလွယ်ကူလာပြီး စျေးသက်သက်သာသာနှင့် သုံးစွဲသူအဆင်ပြေအောင်လည်း ပြုလုပ်လာကြသည်။ (စမတ်ဖုန်းများ၊ ကင်မရာများ စသည်ဖြင့်)

ကြားခံနယ်ပေါင်းစုံဖြင့် သတင်းတင်ဆက်သော သတင်းသမားသည် အလုံးစုံသိရှိလုပ်ဆောင်တတ်ရန် လိုအပ်ပါသလား။

အိန္ဒိယနတ်ဘုရား ရှီဗာကဲ့သို့ပင် မျက်လုံးသုံးလုံး၊ လက်လေးချောင်းရှိပြီး အရာရာတိုင်းစွမ်းဆောင်နိုင် သကဲ့သို့ ကြားခံနယ်ပေါင်းစုံ သတင်းသမားသည် တင်ဆက်ရန်နည်းလမ်းများအားလုံးတွင် ကျွမ်းကျင်နေရန် လိုအပ်သည်ဟု တစ်ခါတစ်ရံ ဖော်ပြလေ့ရှိကြသည်။ ဤသည်မှာ ကျွမ်းကျင်မှုအားလုံးကို တစ်ပြိုင်တည်း တစ်ချိန်တည်းတွင် အသုံးပြုရမည်ဟု မဆိုလိုပါ။ အရာအားလုံးပြုလုပ်တတ်သည်ဟု ဟန်ဆောင်နေသူများ ကို မေ့ထားပါက အမှန်တကယ်တွင် မလွယ်ကူပါ၊ တစ်ပြိုင်တည်းအရာအားလုံးပြုလုပ်ရန် မဖြစ်နိုင်ပါ။ သို့သော်လည်း သင်သည် အပြင်တွင် သတင်းသွားမလိုက်မီ သင်မည်ကဲ့သို့ တင်ဆက်လိုသည်ကို ရွေးချယ်ရန် လိုအပ်ပြီး လိုအပ်ပါကလည်း တင်ဆက်ပုံကို ပြောင်းလဲရန်လိုအပ်သည်။