Menu

05.၅။ HTML အခြေခံများ။

HTML သည်အင်တာနက်အတွက် အက္ခရာအရေးအသားဖြစ်သည်။ ထိုအရာသည် အကြောင်းအရာ၏ အဓိပ္ပါယ်များဖော်ပြသည့် သင်္ကေတအစုအဝေးနှင့် စနစ်အတွက် အမျိုးအစားပိုင်းခြားခြင်းဖြစ်သည်။ ရည်ညွှန်းမှုများကို တိုးတက်စေရန်အတွက် ကုတ်များရေးသားခြင်းသည် အလွန်အသုံးဝင်သည်။

HTML အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခု

HTML သည် ဆောင်းပါးပါအကြောင်းအရာနှင့်ပါတ်သက်ပြီး ဖော်ပြနိုင်သည့်ဘာသာစကားဖြစ်သည်။ ထိုအရာကို tags များဖြင့်ပြုလုပ်ထားပြီး အဖွင့် tag တစ်ခုသည်  ညွှန်ကြားချက်တစ်ခုဖြစ်ပြီး အပိတ် tag သည် အဆုံးသတ်သည့် အမှတ်အသားဖြစ်သည်။ ဥပမာအားဖြင့် ဤ tag သည် <a href:”LINK”> </a> link တစ်ခုကို အဓိပ္ပါယ် ဖွင့်ဆိုခြင်းဖြစ်သည်။

သင်သိထားသင့်သည့် tag များ

အချို့သော tag များသည် အခြေခံ ကုတ်ရေးသားခြင်း အတွက်ဖြစ်သည်။

<strong> သို့မဟုတ် <b> သည် bold လုပ်ခြင်းဖြစ်သည်။

<i> သို့မဟုတ် <em> သည် စာလုံးအစောင်းပြုလုပ်ခြင်းဖြစ်သည်။

<p> သည် စာပိုဒ်၏အစကို ပြောခြင်ဖြစ်ပြီး </p> သည်အဆုံးဖြစ်သည်။

<center>  သည် ပုံတစ်ပုံ သို့မဟုတ် စာသားတစ်ခုကို အလည်တွင်ထားရန်ဖြစ်သည်။

ဤ tag သည် .jpg ပုံတစ်ပုံကို ထည့်သွင်းခြင်းနှင့် ၎င်းအတွက် အညွှန်းတပ်ခြင်းဖြစ်သည်။

<img src=”/files/XXXX XXXXX.jpg” title=”CAPTION (CREDIT)” alt=”CAPTION (CREDIT)”>

ပို၍ရှုပ်ထွေးသော tag မျာဖြင့် သင်သည် အသံ၊ ရုပ်ပုံများနှင့် ရုပ်သံများထည့်သွင်းနိုင်သည်။ ဝေမျှနိုင်သည့် platform များသည်လည်းသင့်ကို embedding code များပေးသည်၊ ၎င်းတို့သည်လည်း HTML ဖြစ်သည်။

ရည်ညွှန်းခြင်းဆိုတာဘာလဲ

ရည်ညွှန်းခြင်း၏ စုပေါင်းအဓိပ္ပါယ်မှာ search engines များတွင် သင့်သတင်းဆောင်းပါးကို တွေ့မြင်ရမှု တိုးတက်စေခြင်းဖြစ်သည်။ ၎င်းသည် ဝက်ဆိုက်စာမျက်နှာတစ်ခုချင်းစီတွင် အသုံးပြုသော tag များနှင့် ဆောင်းပါး၏ ခေါင်းစဥ်၊ ခေါင်းစဥ်ခွဲနှင့် အဖွင့် စာပိုဒ်တွင် အသုံးပြုထားသော စကားလုံးများ၏ အရည်အသွေးနှင့် ဆက်စပ်မှုရှိသည်။ အသုံးအနှုန်းများ ပို၍တိကျပြီး သင့်လျော်မှုပိုရှိလာလေ search engine စာမျက်နှာ အဆင့်သတ်မှတ်မှုတွင် သင်၏ သတင်းဆောင်းပါးကို ရည်ညွှန်းမှုသည် ပို၍ အသုံးဝင်လာလေဖြစ်သည်။

ရည်ညွှန်းမှုသည် ဆောင်းပါးတစ်ခုချင်းစီတွင်ရှိနေသော backlinks များပေါ်တွင်လည်း သက်ရောက်မှု ရှိသည်။ Backlinks များကြီးလေလေ search engine ကပေးသော ရလဒ်များတွင် ဆောင်းပါးသည် ပိုမို ပါဝင်လေဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဝက်ဆိုက်အသုံးပြုသူများသည် အကြောင်းအရာ၏ အရည်အသွေးကို ထည့်သွင်းစဥ်းစားခြင်းကြောင့်ဖြစ်သည်။ ရည်ညွှန်းမှုကောင်းတစ်ခုသည် သင့်ဝက်ဆိုက်ကို လူအများပိုမိုဝင်ရောက်လာစေပြီး စာဖတ်သူပိုများလာစေသည်။ ဤသည်ကို SEO, Search Engine Optimization ဟုခေါ်ပါသည်။ ထိုအလုပ်နေရာတွင် အချိန်ပြည့် အလုပ်လုပ်ကိုင်နေသူများပင် ရှိပါသည်။