Menu

08.၈။ စာဖတ်ခြင်းအတွက် ယေဘုယျစည်းမျဥ်းများ။

သင်၏ကွန်ပြူတာပေါ်တွင် စာဖတ်ခြင်းနှင့် စာရွက်ပေါ်တွင် စာဖတ်ခြင်းသည် မတူညီပါ။ မတူညီကြောင်း သိသာသော်လည်း ဤအခြေခံပါဝင်မှုများကို အသေးစိတ်၍ ဖော်ပြနိုင်သည်။ ရည်ရွယ်ချက်မှာ ဝက်ဆိုက်ပေါ်တွင် စာဖတ်သူများ မည်ကဲ့သို့ အွန်လိုင််းပေါ်ရှိ သတင်းဆောင်းပါးများဖတ်သည်ကို သိရှိပြီးမှသာ အွန်လိုင်းပေါ်တွင် သတင်းဖတ်ရှုခြင်းအတွက် ရေးသားနိုင်မည်ဖြစ်သည်

စာဖတ်သည့်ပုံစံနှင့် မျက်လုံးကို ခြေရာခံခြင်း

အမေရိကန် သုတေသီ Jakob Nielsen ၏ သင်ခန်းစာတစ်ခုဖြင့်စလိုပါသည်။ သူသည် ဝက်ဆိုက်အသုံးပြု သူများ မည်ကဲ့သို့ ပြုမူတုံ့ပြန်သည်ကို နှစ်ပေါင်းများစွာလေ့လာနေခဲ့ပါသည်။ Nielsen ၏ အဆိုအရ အင်တာနက်ေပါ်တွင် စာဖတ်သူများသည် အကြောင်းအရာကို အမှန်တကယ်ဖတ်ခြင်းမရှိဘဲ မျက်စိဖြင့်သာ ရှပ်ကြည့်ပြီး ဖတ်သည်ကို တွေ့ရသည်။ ထိုသို့ပြုလုပ်ခြင်းအတွက် ၁၀ မှ ၂၀ စက္ကန့်အထိသာ အချိန်ယူပြီး သူတို့ကြည့်ရှုနေသော စာမျက်နှာ၏ အရည်အသွေးကို ဆုံးဖြတ်လိုက်ကြသည်။ ဆက်လက်ဖတ်ရန်အတွက် ဆက်မဆွဲနိုင်ပါက သူတို့သည် အခြားနေရာသွားလိုက်မည်သာဖြစ်သည်။

Nielsen သည် မျက်လုံးခြေရာခံစနစ်ကို အသုံးပြုသည်။ စာဖတ်သူများသည် စာမျက်နှာတစ်ခုလုံးကို ရှပ်ကြည့်ပြီး စာပိုဒ်တစ်ပိုဒ်မှ တစ်ပိုဒ်သို့ ကြေငြာများနှင့် စာလုံးဘောင်များကိုကျော်ကာ ကြည့်ရှုကြသည်။ သူ၏ ဦးနှောက်ထဲတွင် စိတ်ကူးတစ်ခုမှ တစ်ခုသို့ သတင်းဆောင်းပါးကို ဖတ်မည်မဖတ်မည် မဆုံးဖြတ်ရသေးမီ ရွေ့လျားနေသည်။

အင်တာနက်ပေါ်တွင် စာဖတ်သူများ ဖတ်လေ့ရှိသော ပုံစံမှာ F ပုံသဏ္ဌန်ရှိပြီး အပေါ်မှအောက် (ကြည့်ရှုနေသေးသည်) နှင့် ဘယ်မှညာ (စိတ်ဝင်စားသည်) ဖတ်လေ့ရှိသည်။

24h-principe-lecture

Jakob Nielsen လေ့လာခဲ့သော ဝက်ဆိုက်သုံးခုဖြစ်သည်။ အနီရောင်နေရာများတွင် ဖတ်ရှုမှုသည် အဝါရောင်နှင့် အပြာရောင်နေရာများထက်နည်းသည်ကို ဖော်ပြနေသည်။

စာဖတ်ရန်အတွက် ရုပ်သံဗီဒီယိုတစ်ခု၊ စလိုက်ရှိုးတစ်ခု သို့မဟုတ် အသံတစ်ခုသည် နှောင့်ယှက်နေတတ် သည်။ ဝက်ဆိုက်ပေါ်တွင် စာဖတ်သူများ၏ ၇၉ ရာခိုင်နှုန်းသည် အမြန်ဖတ်လေ့ရှိပြီး ကျန်သည့် ၁၆ ရာခိုင်နှုန်းသာ စာလုံးတစ်လုံးချင်းစီကို ဖတ်လေ့ရှိသည်။ ထိုအတားအဆီးများအပြင် ဒစ်ဂျစ်တယ် မျက်နှာပြင်တစ်ခုခုပေါ်တွင် စာဖတ်မှုသည် စာရွက်ပေါ်တွင် ဖတ်ခြင်းထက် ၂၅ ရာခိုင်နှုန်းပို၍နှေးသည်။ ဆိုလိုသည်မှာ ပို၍တိုတောင်းသော ပုံစံများဖြင့်တင်ဆက်ရန်ဖြစ်သည်။

ဆန့်ကျင်ဘက်မှတ်စု။ ။ စာဖတ်ခြင်းသည် ကျဘမ်းဖြစ်နေပါက စာဖတ်သူ၏ အာရုံစူးစိုက်မှုသည် ပို၍ရှိသည် အဘယ်ကြောင့်ဆိုသော် သူသည် သတင်းအချက်အလက်ကိုတက်ကြွစွာရှာဖွေနေသောကြောင့်ဖြစ်သည်။ အခြား ကြားခံနယ်များတွင် ဖတ်ရှုခြင်းသည် သူ့ကို ဤအခြေအနေမျိုးမပေးပါ။ ထို့ကြောင့် သတင်းသမား အနေဖြင့် သတင်းအချက်အလက်ကို ပိုမိုလျင်မြန်စွာပေးနိုင်သည့်နည်းလမ်းများကို အသုံးပြုလေလေ ပို၍ပြည့်ဝသော အကြောင်းအရာကိုတင်ဆက်နိုင်လေဖြစ်သည်။

သန်းခုန် ခုန်သော ဝင်ရောက်ကြည့်ရှုမှု

ဤကိစ္စအပေါ်တွင် အာရုံစိုက်ကြည့်ကြပါစို့။ ကွန်ပြူတာ သို့မဟုတ် ဖုန်းမျက်နှာပြင်ပေါ်တွင် စာဖတ်သူ၏ မျက်လုံးသည် လျင်မြန်စွာရွေ့လျားနေပြီး သူ၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည့် နေရာရောက်မှသာ မျက်လုံး၏ ရွေ့လျားမှုကိုရပ်သည်။ ဤသည်မှာ သန်းခုန်သလို ဝက်ဆိုက်များအတွင်း ဝင်ရောက် ကြည့်ရှုခြင်းဖြစ်သည်။ သန်းတစ်ကောင်ကဲ့သို့ ပင် စာဖတ်သူ၏ ဦးနှောက်သည် အနည်းနှင့် အများ ကစင့်ကလျားစဥ်းစားနေသည်၊ အကြောင်းအရာတစ်ခုမှ နောက်တစ်ခုကို စဥ်းစားနေသည်၊ စာမျက်နှာ တစ်မျက်နှာမှ နောက်တစ်မျက်နှာသို့ ရွေ့လျားနေသည်၊ မည်သည့်ယုတ္တိကျမှုမှ မပါမှရှိဘဲရွေ့လျားနေသည်။

စာဖတ်သူ၏ စိတ်ဝင်စားမှုကို ရရှိရန်အတွက် သင်သည်

  • ကောင်းမွန်သည့် search engine မှတစ်ဆင့်ရည်ညွှန်းပေးမှုကို အသုံးပြုပြီး သင်ရေးသားထားသော အကြောင်းအရာများကို လာရောက်ဖတ်ရှုစေပါ၊ အဘယ်ကြောင့်ဆိုသော် သင်၏ ရေးသားချက် သို့မဟုတ် ဆောင်းပါးကို မဆီမလျော် flag လုပ်ထားပါက မည်သူမျှလာရောက်ဖတ်ရှုနိုင်မည် မဟုတ်ပါ။
  • သင်၏ဆောင်းပါး၊ အကြောင်းအရာ၊ ဝန်းကျင်တွင် သူ၏ စိတ်ဝင်စားမှု မြဲနေစေရန်အတွက် သင့်လျော်သော ရေးသားနည်းများနှင့် အစချီအမှတ်များစွာ အသုံးပြုပါ။