Menu

09.၉။ စာရေးခြင်းအတွက် ယေဘုယျစည်းမျဥ်းများ။

စာဖတ်ခြင်းကဲ့သို့ပင် ဝက်ဆိုက်အတွက်ရေးသားခြင်းသည် ပုံနှိပ်အတွက်ရေးသားခြင်းနှင့် မတူညီသည့် စည်းမျဥ်းများရှိသည်။ ရိုးရှင်းခြင်း၊ လွယ်ကူခြင်း၊ တိကျခြင်းနှင့် စိတ်ကူးစိတ်သန်းကောင်းခြင်းသည် မဖြစ်မနေပြုလုပ်ရမည်သာဖြစ်သည်။ စာသားတစ်ခုနှင့် ဆက်ဆိုင်သော အကြောင်းတစ်ကို link ချိတ်ခြင်းမှ စပြီး ကျွမ်းကျင်သင့်သည့် စည်းမျဥ်းအချို့လည်းရှိသည်။

အခြေခံစည်းမျဥ်းများ

အင်တာနက်ပေါ်ရောက်သွားသည် သတင်းစာပညာသည် လုံးဝပြောင်းလဲသွားခြင်းမဟုတ်သောကြောင့် ပုံနှိပ်နှင့် ရေဒီယို အစီအစဥ်များ၏ ရေးသားနည်းများကို အသုံးပြုရသည်များလည်းရှိသည်။ သင်၏ ဆောင်းပါးသည် အောက်ပါတို့ကို လိုက်နာမှုရှိရမည်။

  • ပိရိမစ် စောက်ထိုးပုံစံရေးသားခြင်း၊ သတင်းတန်ဖိုးအမြင့်ဆုံးသည် အရင်လာသည်။
  • ဘ ၅ လုံး စည်းမျဥ်း (ဘယ်သူ၊ ဘာလဲ၊ ဘယ်မှာလဲ၊ ဘယ်တုန်းကလဲ၊ ဘာလို့လဲ)
  • ဆိုလိုရင်းကိုပြောခြင်း၊ တိကျခြင်း၊ သတင်းအချက်အလက်ပေးသည့်ပုံစံဖြင့်ရေးသားခြင်း၊ အဓိက စကားလုံးများကို စာကြောင်းတိုအနေဖြင့်အသုံးပြုခြင်း၊ တဆင့်ခံပြောသည့် ဟန်အစား တိုက်ရိုက်ပြောသည့် ဟန်ကို အသုံးပြုခြင်း။

အထက်ပါ အခြေခံစည်းမျဥ်းများအပြင် ဝက်ဆိုက်အတွက်ရေးသားရာတွင်အောက်ပါတို့လည်း ပါဝင်သည်။

  • တိုတောင်းပြီး လွယ်ကူစွာခွဲခြားနိုင်သော စာပိုဒ်များ တစ်ခုချင်းစီသည် အိုင်ဒီယာတစ်ခုကိုသာ ဖြစ်ရပ်အခြေပြုခွဲခြမ်းစိတ်ဖြာမှုပုံစံဖြင့် ဖော်ပြခြင်း။
  • စာလုံးအလှပုံစံများကို လိုအပ်သလိုအသုံးပြုခြင်း (စာလုံးများကို မဲနက်ထင်ရှားအောင်ပြုလုပ်ခြင်း၊ မျဥ်းကြောင်းတားခြင်း၊ စာလုံးစောင်းများပြုလုပ်ခြင်း စသည်ဖြင့်) တစ်ချက်ချင်းစီဖော်ပြသော စာရင်း(ယခုကဲ့သို့ပင်) နှင့် စကားပြောများဖြင့် စာပိုဒ်သစ်ခွဲခြင်း။
  • ဆောင်းပါးကို ပို၍နက်ရှိုင်းစွာဖတ်ရှုနိုင်ရန်အတွက် လိုသည်ထက်မပိုသည့် link ချိတ်မှုများ။
  • နောက်ဆုံးအနေဖြင့် အလွန်အကျွံစကားလိမ်များသုံး၍ တန်ဆာဆင်ခြင်းကိုရှောင်သင့်သည်၊ အဘယ်ကြောင့်ဆိုသော search engine မှထိုစကားလုံးများကို ရှာဖွေမှုရလဒ်များထဲတွင် ပြသပေးရန် ရွေးချယ်လေ့မရှိပါ။

ကောင်းမွန်တဲ့ HYPERTEXT LINK ဆိုတာဘာလဲ။

Hypertext link များသည် စာအုပ်ကောင်းတစ်အုပ်တွင် ပါလေ့ရှိသော ရည်ညွှန်းမှတ်စုများ၏ သဘောတရားနှင့် အတူတူပင်ဖြစ်သည်။ သင့်အနေဖြင့် နည်းသည် များသည် ကိုချိန်ညှိရန် လိုအပ်သည်။ ဆိုကြပါစို့ သင်၏ ဆောင်ပါးတွင် စာလုံးရေ ၃၀၀၀ နှင့် ၅၀၀၀ ကြားရှိသည်ဆိုပါက link များသည် ၅ ခုနှင့် ၁၀ ခုကြားသာရှိသင့်သည်။ ထို့ကြောင့် သင်သည် ကောင်းမွန်စွာ ရွေးချယ်နိုင်ရန်လိုအပ်သည်။ ဘယ်လိုရွေးမလဲ။ Link တစ်ခုချိတ်ရန်အတွက်

  • စာဖတ်သူမသိနိုင်သည့် အသုံးအနှုန်းများကို အဓိပ္ပါယ်ဖော်ပါ။
  • အရေးကြီးသည့် အဓိကပြောလိုသည့် အကြောင်းအရာကို အကျယ်ချဲ့ပါ။
  • ဖတ်ရှုမှုကို ပိုမိုပြည့်စုံကောင်းမွန်သွားစေမည့် ရင်းမြစ်များကို ရည်ညွှန်းပါ။

မည်သည့်အကြောင်းဖြင့်ပြုလုပ်သည်ဖြစ်စေ သင်ချိတ်ဆက်သည့် link ၏အထောက်အပံ့ကို သေချာစွာ ရွေးချယ်ပါ၊ ဆိုလိုသည်မှာ link ချိတ်လိုသည့်စကားလုံးကို ရွေးချယ်ခြင်းဖြစ်သည်။ (၄။ ဝက်ဆိုက်အတွက် သတင်းရေးသားခြင်းတွင် ကြည့်ပါ) Link ချိတ်ထားသည့် စကားလုံးများသည် များသောအားဖြင့် စာလုံးကို မဲနက်ထင်ရှားအောင်ပြုလုပ်ထားခြင်း၊ မျဥ်းတားထားခြင်း သို့မဟုတ် အခြားအရောင်ဖြင့် ရေးသားထားခြင်း ရှိတတ်သည်။ ချိတ်ဆက်ထားသည့် အထောက်အပံ့စကားလုံးသည် အလွန်ရှည်၍မရပါ (စာကြောင်းတစ်ကြောင်းထက်မရှည်ရပါ) အလွန်လည်းမတိုရပါ (အနည်းဆုံးစာလုံး သုံးလုံးရှိရမည်) ထို့အပြင် သင်ချိတ်ဆက်ပေးမည့် စာမျက်နှာပါ အကြောင်းအရာနှင့်လည်းဆက်စပ်မှုရှိစွာဖော်ပြနိုင်ရမည်။

သဘာဝကျကျ ကောင်းမွန်သည့် ရည်ညွှန်းမှုရရန် လေ့ကျင့်ခြင်း

အကယ်၍သင်သည် ထိုစည်းမျဥ်းများကို လိုက်နာကျင့်သုံးပါက သင်၏ အရေးအသားတွင် သဘာဝကျကျ ကောင်းမွန်သည့် ရည်ညွှန်းမှုအလေ့အကျင့်ရလာပါမည်။ Search engine များသည်လည်း သင်၏ သတင်းဆောင်းပါးတွင် အဓိကစကားလုံးများကို မှန်ကန်စွာအသုံးပြုထားပါက အထူးသဖြင့် ခေါင်းစီး၊ ခေါင်းစဥ်ခွဲများနှင့် ပထမ စာကြောင်းအနည်းငယ်တွင် အသုံးပြုထားပါက ရှာဖွေမှုရလဒ်များတွင် သင်၏ ဆောင်းပါးကို ပို၍ဖော်ပြပေးနိုင်ပါသည်။