Menu

07.၇။ သတင်းများ တိုးတက်ပြောင်းလဲလာခြင်းဆိုတာဘာလဲ။

အင်တာနက်ပေါ်တွင် သတင်းတစ်ပုဒ်ကို အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ မီဒီယာတစ်ခုနှင့် တစ်ခုမတူညီကြချေ။ ရိုးရိုးရှင်းရှင်း tweet လုပ်လိုက်ခြင်းမှစပြီး အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုများအထိ အွန်လိုင်းပေါ်ရှိသတင်းများ သည် စဥ်ဆက်မပြတ်တိုးတက်ပြောင်းလဲနေသောကြောင့် သတင်းသမားများသည်လည်း ပြောင်းလဲမှု အတိုင်း ပြင်ဆင်ပေးနေရန်လိုအပ်သည်။

အင်တာနက်ပေါ်တွင် သတင်းဆောင်းပါးတစ်ခုသည် မည်သည့်အခါမျှမပြီးပါ။

အင်တာနက်သည် စဥ်ဆက်မပြတ်စီးဆင်းနေသည်။ ရုပ်သံသတင်းနှင့် ရေဒီယို သတင်းနှင့် မတူညီဘဲ အချိန်နှင့်နေရာတစ်ခုတွင်သာ ရပ်တည်နေခြင်းမရှိပါ။ ထိုသို့ဖြစ်ရသည်မှာ ကမ္ဘာပြုမှုကြောင့် အင်တာနက်ေပါ်တွင် သတင်းများသည် ၇ရက် ၂၄နာရီပြောင်းလဲနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သတင်းများကို အချိန်မရွေးထုတ်လွှင့်နိုင်သည်။ တစ်နေ့တာအတွင်း သတင်းများကို ဖတ်ရှုနှုန်းမြင့်သည့် အချိန်တစ်ခုရှိသော်လည်း ထိုအချိန်ကို စောင့်ပြီး သတင်းလွှင့်တင်ရန်မလိုအပ်ချေ။

ယနေ့ခေတ်တွင် သတင်းများသည် ရိုးရှင်းသော tweet တစ်ခုဖြင့်သာစလာကြသည်။ ထိုကဲ့သို့သော အခြေအနေမျိုး မိုက်ကယ်ဂျက်ဆင်သေဆုံးမှုတွင် ဖြစ်ဖူးသည်၊ ထိုသတင်းသည် pure player တစ်ခုဖြစ်သော TMZ ၏ “နောက်ဆုံးရသတင်း။ ။ TMZ.com မိုက်ကယ်ဂျက်ဆင်သည် နှလုံးရောဂါအခြေအနေကြောင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရသည်။”

ဤအကြောင်းအရာကို tweet လုပ်ပြီး ၂၄ နာရီကျော်အတွင်း ထိုအကြောင်းကို ဝင်ရောက်ကြည့်ရှုမှု twitter ေပါ်တွင်နှစ်ဆတက်သွားပြီး facebook ေပါ်တွင် သုံးဆတက်သွားသည်။ လူတိုင်းသည် နေရာတိုင်းတွင် ထိုအကြောင်းကို ပြောဆိုနေကြသည်။ နောက်တစ်နေ့တွင် ကမ္ဘာ့အကြီးဆုံးနေ့စဥ်သတင်းစာ တစ်စောင်သည် သေဆုံးမှုအကြောင်းအသေးစိတ်ကို စာဖတ်သူများထံတင်ဆက်နိုင်ခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် လော့အိန်ဂျလိရှိ တရားရုံးသည် မိုက်ကယ်ဂျက်ဆင်မသေဆုံးမီ တာဝန်ယူ ကုသပေးခဲ့သော ဆရာဝန်ကို ထောင်ဒဏ်နှစ်နှစ် ချမှတ်နိုင်ခဲ့သည်။ ဤဥပမာသည် သတင်းအကြောင်း အရာများသည် အချိန်နှင့်အမျှ အသေးစိတ်လာပြီး တိုးတက်ပြောင်းလဲလာကြောင်းပြနေသည်။

နောက်ဆုံးရအခြေအနေများကို သင်မည်သို့ထည့်သွင်းနိုင်သနည်း။

အွန်လိုင်းသတင်းစာပညာ၏ အဓိက ယူဆောင်ပေးလာမှုများထဲမှတစ်ခုမှာ အကြောင်းအရာတစ်ခုနှင့် ပတ်သက်သော ခိုင်မာမှုနှင့် မြင်သာသော နောက်ဆုံးရအခြေအနေကို ယူဆောင်ပေးလာနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ရေးသားသည့်အချိန် (ထုတ်ဝေသည့် နေ့ရက်၊ ခုနှစ်နှင့် အချိန်) ကို ဖော်ပြပြီး အကြောင်းအရာနှင့် tag လုပ်ပေးထားရန်အလွန်အရေးကြီးသည်။ ဤနည်းဖြင့် စာဖတ်သူများသည် အကြောင်းအရာကို ပို၍သဘောပေါက်နိုင်မည်။ ဤအရာသည် သင်၏ သတင်းဆောင်းပါးကို သိမ်းဆည်းခြင်းအတွက် မှန်ကန်သည့် တန်ဖိုးကို ပေါင်းထည့်နိုင်သည်။ မိုက်ကယ်ဂျက်ဆင်၏ သေဆုံးမှုသတင်းနှင့် ဆက်စပ်သော အကြောင်းအရာတစ်ခုဖြစ်ပွါးသည့်အချိန်တိုင်း ယခင်ထုတ်ဝေခဲ့ဖူးသောအကြောင်းအရာများသည် search engines များမှတစ်ဆင့် ပြန်လည်ဖော်ပြနိုင်ပြီး ဝက်ဆိုက်အသုံးပြုသူများမှ ဖတ်ရှုနိုင် (ပြန်လည်ဖတ်ရှုနိုင်) မည်။

ထို့ကြောင့်သတင်းသမားများသည် အောက်ပါစည်းမျဥ်းနှစ်ခုကို လိုက်နာရမည်။

  • စာဖတ်သူများကထောက်ပြသည့် အမှားကို သင်ပြုလုပ်မိပါက ဝန်ခံပါ။
  • သင်၏ သတင်းဆောင်းပါးအဆုံးတွင် မှားယွင်းမှုကို ပြင်ဆင်ပြီးဖြစ်ကြောင်းဖော်ပြပါ။

ဤသို့ပြုလုပ်ခြင်းဖြင့် သင့်စာဖတ်ပရိတ်သတ်၏ လေးစားမှုကို ရယူနိုင်ပြီး လုပ်ဖော်ကိုင်ဖက် သတင်းသမားများ၏ လှောင်ပြောင်မှုကို ရှောင်ရှားနိုင်မည်။